
ပိုးတွေ့သူလျော့သော်လည်း သေဆုံးသူအရေအတွက် မကျသေး ဇန်နဝါရီ ၁၈၊ ၂၀၂၁ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၉၇၃ ဦးရှိသွားခဲ့ပါပြီ။ ပထမလှိုှုငျးလို့ ပြောလို့ရတဲ့ မတ်လကုန်ပိုင်းကနေ သြဂုတ်လ ဒုတိယအပတ်အထိတော့ သေဆုံးသူဟာ ၆ ဦးသာရှိခဲ့ပေမယ့်၊ သြဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းကစလို့ ဒီနေ့အထိ သေနှုန်းမြင့်လာပြီး သေဆုံးသူဟာ ၂၉၆၇ ဦးအထိ ရှိလာခဲ့တာပါ။ ဒီနေ့မှာလည်း သေဆုံးသူဟာ ၁၈ ဦးအထိ ရှိခဲ့ပြီး၊ အဲဒီအထဲက ၁၅ ဦးကတော့ ရောဂါအခံရှိကြသူတွေပါ။ ပိုးတွေ့သူကလည်း ၄၇၇ ဦးရှိနေပါတယ်။ ဒါ့ကြောင့် ပိုးတွေ့သူအရေအတွက် စုစုပေါင်း တစ်သိန်းသုံးသောင်းလေးထောင်ကျော်ရှိနေပါပြီ။ အဲဒီထဲက ကျန်းမာရေးကောင်းမွန်ကောင်းမွန်လို့ ဆေးရုံကဆင်းခွင့်ရရှိသူကတော့ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျော်ရှိသွားခဲ့ပါပြီ။ Credit