
မြောက်ဥက္ကလာပတွင် အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသူများအတွက် ဆုတောင်းမှုပြုလုပ် ရန်ကုန် ၂၀၂၁၊ မတ် ၄ (မော်ကွန်း) မနေ့က စစ်အာရှင်ကိုဆန့်ကျင်ရင်း လုံထိန်းများအကြမ်းဖက်ပစ်ခတ်မှုကြောင့်ကျဆုံးသွားခဲ့ရသူများအတွက်မြောက်ဉက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံအနီးတွင် ပရိတ်တရားရွတ်ဖတ်ကာ ဆုတောင်းမှုပြုလုပ်နေသည်။ မနေ့ကပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးအနည်းဆုံးရှိခဲ့သည်ဟု မြောက်ဥက္ကလာဆေးရုံကြီးကအတည်ပြုသည်။ အလောင်းပြန်မရသူများလည်းရှိသောကြောင့် အမှန်တကယ်သေဆုံးသူမှာ ထို့ထက်ပိုသည်ဟု မနေ့က ဆန္ဒဖော်ပြရာတွင်ပါဝင်သူများကပြောသည်။ Credit: