
ကယ်ဆယ်ရေးယာဉ်လူနာတင်ကားပေါ်မှဆွဲချ ရိုက်နှက်ခံခဲ့ရသည့် ပရဟိတ လူငယ်လေး ၄ ဦး ပြန်လွတ် DVB ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ကယ်ဆယ်ရေး လူနာတင်ကားပေါ်ကနေဆွဲချခံရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ရက်ရက်စက်စက် သေနတ်ဒင်နဲ့ အရိုက်ခံရတဲ့ ပရဟိတ လူငယ်လေး ၄ ယောက် ဒီကနေ့ မတ်လ ၂၄ ရက်မှာ ထောင်ကနေ ပြန်လွတ်လာပါတယ်။ http://burmese.dvb.no/archives/453487 #DVB #News Credit: