
ပြည်ဆေးရုံကြီးက CDM ပြုလုပ်နေတဲ့ ဒေါက်တာအောင်ငယ်ငယ်စိုးကို အာဏာသိမ်းစစ်အုပ်စုတွေ အပူတပြင်းလိုက်ရှာနေ ပြည် - ၂၀၂၁ မတ် ၂၄ (မော်ကွန်း) ပြည်မြို့ကုတင်၅၀၀ပြည်သူ့ဆေးရုံကြီးက CDM ပြုလုပ်နေတဲ့ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ငယ်ငယ်စိုး ရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ရဲနဲ့ စစ်သားတွေက ဒီနေ့ လိုက်လံရှာဖွေနေကြပါတယ်။ ဒေါက်တာအောင်ငယ်ငယ်စိုးကိုတော့ အာဏာသိမ်းစစ်အုပ်စုတွေ ဖမ်းလို့မမိခဲ့ပါဘူး။ ဒေါက်တာ အောင်ငယ်ငယ်စိုးရဲ့ ဝက်ထီးကန်မြို့ နှောကန်ရွာနဲ့ သံဗိုလ်ရပ်ကွက်က အိမ်တွေကို နှစ်နေရာ တပြိုင်နက် ဝင်ရှာခဲ့ကြတာပါ။ ဒေါက်တာအောင်ငယ်ငယ်စိုးကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ၅၀၅(က) နဲ့ တရားစွဲဆိုထားတာပါ။ ဓာတ်ပုံ - မော်ကွန်းမဂ္ဂဇင်း Credit: