
NLD အစိုးရလက်ထက် COVID ရန်ပုံငွေ လှူဒါန်းသူများကို စစ်ကောင်စီလက်ထက် လှူဒါန်းသည့်ပုံစံဖြင့် လိမ်လည်နာမည်စာရင်းဖော်ပြမှု အရှက်မရှိ ယုတ်မာသော လုပ်ရပ်အဖြစ် အလှူရှင်က ဝေဖန်ပြောဆို NLD အစိုးရလက်ထက် လှူဒါန်းခဲ့သော COVID ရောဂါကာကွယ်ရေး ရန်ပုံငွေအတွက် လှူဒါန်းငွေကို စစ်ကောင်စီက ၎င်းတို့ လက်ထက် လှူဒါန်းသည့်ပုံစံမျိုးဖြင့် ဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့ရာ ယင်းသို့ ဖော်ပြမှုအတွက် အလှူရှင်ဘက်က အရှက်မရှိ ယုတ်မာသော စစ်ကောင်စီ၏ လုပ်ရပ်ဟု အမည်တပ်၍ ပြောဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စုမှ ဦးသီဟထွန်းနှင့် ဒေါ်မာမာညွှန့်တို့သည် NLD အစိုးရလက်ထက်တွင် COVID ရန်ပုံငွေ အဖြစ် မြန်မာကျပ်ငွေ ၁၃၉,၃၀၀ ကျပ်လှူဒါန်းခဲ့ကြောင်း၊ ယင်းလှူဒါန်းမှုသည် အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာမသိမ်းမှု မတိုင်မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမ အပတ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ မေလ ၁၅ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွင် လိမ်လည်ဖော်ပြရာတွင် အမေရိကန် ပြည်ထောင်စုမှ ဦးသီဟထွန်းနှင့် ဒေါ်မာမာညွှန့်တို့သည် ငွေကျပ် ၁၃၉, ၃၀၀ ကျပ်ကို မေလ ၁၀ ရက်နေ့မှ မေလ ၁၄ ရက်အတွင်း လှူဒါန်းသည့် အလှူရှင်စာရင်းတွင် လိမ်လည်ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။ အလှူရှင် ဒေါ်မာမာညွှန့်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်ထက် လှူဒါန်းမှုမဟုတ်ဘဲ NLD အစိုးရ လက်ထက် လှူဒါန်းမှုကို အရှက်မရှိစွာဖြင့် စစ်ကောင်စီက လိမ်လည်ခြင်းဖြစ်သည်ဟု တရားဝင် ထုတ်ဖော်ရေးသားထားသည်။ "အားလုံးသိအောင် ဖြေရှင်းပါသည်။ အရပ်ကတို့ရေ...S ကျင့်ယုတ် စကစ ကကြေးမုံထဲမှာ Covid vaccine အလှူရှင်တွေ ကို မေလ ၁၀ -၁၅ ရက် လှူတဲ့ အနေ နဲ့ ထည့်ထားပါတယ်။ တကယ် လှူတာ January 1st week က သူတို့ အာဏာမသိမ်းခင်ထဲကပါ။နည်းမျိုးစုံနဲ့ S ရှက်မရှိညာနေကြတာ မြင်တဲ့အတိုင်းပါပဲ"ဟု သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ထပ်မံစုံစမ်းချက်များအရ စစ်ကောင်စီက ဝါဒဖြန့် ဖော်ပြနေသော COVID အလှူရှင်စာရင်းများသည် စစ်ကောင်စီလက်ထက် လှူဒါန်းခြင်းမဟုတ်ဘဲ NLD အစိုးရ လက်ထက် လှူဒါန်းထာသော အလှူရှင်များဖြစ်ကြောင်း၊ စစ်ကောင်စီက လူထုနှင့် အလှူရှင်များကို အရှက်မရှိစွာ လိမ်လည်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်ကောင်စီက ၎င်းတို့လက်ထက်တွင် လှူဒါန်းသယောင်ယောင် လိမ်လည်ဖော်ပြနေသော NLD အစိုးရလက်ထက်မှ COVID အလှူရှင်များစာရင်းကို မေလ ၁၅ ရက်နေ့ သတင်းစာတွင် တွေ့ရစဉ် From : Phoo Kyaw Zin - Future Wave Page Credit: