
MAB Bank မှ ဖွင့်ပြီး ပြန်ပိတ်၊ အထဲမှာ တံခါးပိတ်ပြီးပုန်းနေ ~~~~~ MAB Bank မှ မနက်က ဖွင့်တယ်ဆိုပြီး ပြည်သူတွေ တန်းစီပြီး အင်းယားလမ်းပြည့်တဲ့အထိ ကားများနဲ့ အသီးသီး ပိုက်ဆံထုတ်ဖို့ ရောက်ရှိလာကြပြီး ဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်းများ တံခါးများဆွဲပိတ်ပြီး အထဲသို့ ဝင်သွားကြောင်း သတင်းရရှိထားပါတယ်။ အထဲကို ပြည်သူတစ်ဦးက တံခါးခေါက်မေးကြည့်တော့ “ခုနက ဖွင့်တယ် အခုမဖွင့်တော့ဘူး” လို့ MAB ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ အသံကြားရတယ်လို့ ဆိုပါတယ်။ အပြင်က MAB Customers များက MAB ဘက်မှ ဘာတစ်ခုမှ မရှင်းပြပဲ အခုလို ပုန်းနေတဲ့အတွက် စိတ်တွေဆိုးပြီး ဖြေရှင်းချက်ကို စောင့်နေကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ “ဒါလုံးဝ အဆင်မပြေဘူးလေ.. သူတို့ပဲဖွင့်တယ်ဆိုလို့ ကျမတို့ကလာတာလေ.. အခုလို ကလေးကုလားနဲ့ တံခါးကြီးဆွဲပိတ်ပြီး ပုန်းနေတာတော့ အဆင်မပြေဘူးရှင့်.. တခုခုတော့ ဖြေရှင်းပေးရမယ်လေ.. MAB က အခုလိုဖြစ်တာတော့ လုံးဝ တာဝန်ယူမှု တာဝန်ခံမှု မရှိတာပဲ” လို့ အရှေ့မှာ စိတ်ဆိုးပြီး အော်နေတဲ့ Customer တစ်ဦးက ပြောပါတယ်။ နောက် Customer တစ်ဦးက “နင်တို့ဘဏ်ပဲ အွန်လိုင်းက ဘာ Service မှ အဆင်မပြေနေတာ.. သူများတွေ အွန်လိုင်းက အားလုံး အဆင်ပြေအောင် လုပ်ပေးနေတယ်.. အခုလဲ ဘာလုပ်တာလဲ.. ဖုန်းဆက်လဲ မကိုင်ဘူး” ဆိုပြီး တံခါးနားမှာ စိတ်ဆိုးပြီး အော်ဟစ်ပြောဆိုသွားပါတယ်။ #WeNews #MABBank Credit: