
ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီ ဖမ်းဆီး ~~~~~~ ■ စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဧပြီလ ၃ ရက်နေ့ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေလည်း လက်ဝယ်တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ရဲတိုက်ရဲ့ ပရိသတ်တချို့ကတော့ စိတ်ကြွရူးသွပ်ဆေးပြားတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို အယုံအကြည်မရှိကြောင်း အင်တာနက် စာမျက်နှာမှာ ရေးသားနေတာလည်း တွေ့ရပါတယ်။ သရုပ်ဆောင်ရဲတိုက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်ဆန္ဒပြနေသူဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း ကူညီခဲ့ဖူးသူဖြစ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အနုပညာရှင်တွေ အပါအဝင် အင်တာနက် လူမှုကွန်ရက်မှာ ထင်ရှားလူသိများသူ အယောက် ၈၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က)နဲ့ အမှုဖွင့်ခံထားရပါတယ်။ အဲ့ဒီထဲက သရုပ်ဆောင်လူမင်းနဲ့ ရဲတိုက်တို့ နှစ်ဦးဖမ်းဆီးခံထားရပါတယ်။ နာမည်ကျော်ကြား လူသိများတဲ့ သရုပ်ဆောင် အနုပညာရှင်တွေကို စစ်တပ်က တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ File Photo - ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးပွဲတစ်ခုမှာတွေ့ရတဲ့ သရုပ်ဆောင်ရဲတိုက်။ (Ye Deight/FB) -------- ဆႏၵျပပြဲေတြမွာပါဝင္ေနတဲ့ သရုပ္ေဆာင္ ရဲတိုက္ကို စစ္ေကာင္စီ ဖမ္းဆီး ~~~~~~ ■ စစ္အာဏာဆန႔္က်င္ေရး လူထုလႈပ္ရွားမႈမွာ ပါဝင္တာေၾကာင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ရဲတိုက္ကို စစ္ေကာင္စီက ဖမ္းလိုက္ပါတယ္။ ရန္ကုန္၊ မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းလမ္းဆုံမွာ ဧၿပီလ ၃ ရက္ေန႔ညပိုင္းက ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဖမ္းဆီးခံရခ်ိန္မွာ စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြလည္း လက္ဝယ္ေတြ႕ရွိခဲ့တယ္လို႔ စစ္ေကာင္စီက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။ ရဲတိုက္ရဲ႕ ပရိသတ္တခ်ိဳ႕ကေတာ့ စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြ ေတြ႕ရွိခဲ့တယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္ကို အယုံအၾကည္မရွိေၾကာင္း အင္တာနက္ စာမ်က္ႏွာမွာ ေရးသားေနတာလည္း ေတြ႕ရပါတယ္။ သ႐ုပ္ေဆာင္ရဲတိုက္ဟာ စစ္အာဏာရွင္ဆန႔္က်င္ေရဆႏၵျပပြဲေတြမွာ ကိုယ္တိုင္ပါဝင္ဆႏၵျပေနသူျဖစ္ပါတယ္။ သူဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး ခရီးစဥ္ေတြမွာလည္း ကူညီခဲ့ဖူးသူျဖစ္ပါတယ္။ စစ္အာဏာရွင္ ဆန႔္က်င္ေရး နည္းလမ္းေပါင္းစုံနဲ႔ တိုက္ပြဲဝင္ေနၾကတဲ့ အႏုပညာရွင္ေတြ အပါအဝင္ အင္တာနက္ လူမႈကြန္ရက္မွာ ထင္ရွားလူသိမ်ားသူ အေယာက္ ၈၀ ေက်ာ္ကို အာဏာသိမ္းစစ္ေကာင္စီက ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅ဝ၅ (က)နဲ႔ အမႈဖြင့္ခံထားရပါတယ္။ အဲ့ဒီထဲက သရုပ္ေဆာင္လူမင္းနဲ႔ ရဲတိုက္တို႔ ႏွစ္ဦးဖမ္းဆီးခံထားရပါတယ္။ နာမည္ေက်ာ္ၾကား လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ အႏုပညာရွင္ေတြကို စစ္တပ္က တရားစြဲဆိုထားတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။ File Photo - ေဒၚေအာင္ဆန္းစုၾကည္ရဲ႔ စည္းရံုးေရးပြဲတစ္ခုမွာေတြ႕ရတဲ့ သရုပ္ေဆာင္ရဲတိုက္။(Ye Deight/FB)