No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက Kirin Holdings ကုမ္ပဏီက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ကြောင့် စီးပွါးရေးဖက်စပ်ပူးတွဲလုပ်ကိုင်မှုကို အဆုံးသတ်လိုက်ပြီလို့ ဒီကနေ့မှာပဲ တရားဝင်ကြေညာလိုက်ပါတယ်။ . မြန်မာနိုင်ငံမှာ Myanmar Beer အပါအဝင် ဘီယာနဲ့အဖျော်ယမကာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမှန်သမျှကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ လက်ရှိမှာတော့ ပူးတွဲလုပ်ကိုင်မှုရပ်စဲရေးအတွက် အရေးပေါ်လုပ်ဆောင်စရာရှိတာတွေ လုပ်သွားရမှာဖြစ်တယ်လို့ ကီရင်ကုမ္ပဏီရဲ့ ကြေညာချက်က ဆိုပါတယ်။ . ကီရင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွါးရေးဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ Myanmar Brewery နဲ့ Mandalay Brewery လုပ်ငန်းနှစ်မျိုးကနေ အပြီးတိုင်လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ လက်ရှိအာဏာသိမ်းစစ်တပ်ကပိုင်ဆိုင်တဲ့လုပ်ငန်းကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အဖွဲ့ကို ငွေကြေးတွေထောက်ပံ့မှု တွေလုပ်ခဲ့ တယ်ဆိုတာကြောင့် ကီရင်ကုမ္ပဏီက ဦးပိုင်ကို စာရင်းစစ်ရာက ငြင်းဆန်ခဲ့လို့ အမြတ်ငွေခွဲဝေမှု ရပ်ဆိုင်းထားတာလည်း တစ်နှစ်ကျော်လောက် ရှိနေပါတယ်။ . မူရင်း : Kamayut Media ဓာတ်ပုံ: Kamayut Media . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: