No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်မှာ မနေ့ မတ်လ ၁၉ ရက်ညပိုင်းက စစ်တပ်နဲ့ရဲနဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရသွားသူ ဒေါ်မာလာဝင်းကို ညက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ I ဒီကနေ့ မတ်၂၀ မနက်မှာတော့ ဒေါ်မာလာ၀င်း သေဆုံးပြီဖြစ်ကြောင်း မိသားစုကိုအကြောင်းကြားလာတယ်။ . ဒေါ်မာလာဝင်းဟာ ကလေး ၃ ဦးမိခင်ဖြစ်ပြီး မိသားစုတွေက ဒီကနေ့ ညနေ ၃နာရီမှာ သင်္ဂြိုဟ်ဖို့ ရုပ်အလောင်းကို ထုတ်ယူဖို့ဆေးရုံမှာ သွားစောင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်မာလာဝင်းမှာ အသက် ၁၇ နှစ်နဲ့ ၁၅ နှစ် အရွယ် သမီး ၂ ဦး၊ ၁၀ နှစ် အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ . Ref: BBC Burmese #MyanmarLive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit -------------------------------------------- Credit: