No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နိုင်ငံ ၁၅ နိုင်ငံရှိ ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များနှင့် ကမ္ဘာတစ်ဝန်းရှိ ကုလဝန်ထမ်းများကို အရေးကြီးသော ဝန်ထမ်းများအဖြစ် သတ်မှတ်ပြီး ကာကွယ်ဆေးဦးစားပေးထိုးနှံပေးသင့်မသင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်သည်။ ကုလဝန်ထမ်းများအား ကာကွယ်ဆေးဦးစားပေးထိုးပေးမည်ဆိုပါက ယင်းတာဝန်ကို ကုလသမဂ္ဂ၊ တပ်ဖွဲ့ဝင်များ၏မိခင်နိုင်ငံနှင့် လက်ခံထားသော အိမ်ရှင်နိုင်ငံတို့အနက် မည်သူတို့က တာဝန်ယူထိုးနှံမည်ကိုလည်း ဆွေးနွေးမည်ဖြစ်သည်။ ကုလတပ်ဖွဲ့ဝင်များရှိနေသည့် နိုင်ငံတချို့သည် COVID-19 ကာကွယ်ဆေးရရှိခြင်းမရှိသေးချေ။ Credit: