
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် ဓားခုတ်မှုဖြစ်ပွားပြီး ၃ ဦးသေ ၇ ဦး ဒဏ်ရာရ DVB မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှာ မတ်လ ၅ ရက် မနက် ၁၁ နာရီကျော်လောက်က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျောင်းကုန်းကြီးရွာနေ ဦးထွေးနိုင် ၊ ဦးချစ် ၊ မောင်နန်းဝေတို့ဟာ ရွာလမ်းမအတိုင်းအတူ ပြန်လာကြစဉ် ကျောင်းကုန်းကြီးသစ်စက်အတွင်းမှ လူတစ်စုက ဓားနဲ့ ထွက်ခုတ်ခဲ့ကြလို့ အခင်းဖြစ်နေရာမှာ ၃ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဓားနဲ့ ခုတ်သူတွေက ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေဖြစ်ကာ အခုတ်ခံရသူဟာ အန်အယ်လ်ဒီ ထောက်ခံသူတွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။ #DVB #News http://burmese.dvb.no/archives/449189 Credit: