No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဧည့်သည်တွေ လာကြတော့မလားလို့့မျှော်နေတဲ့ပုဂံ ဇန်နဝါရီ - ၁၂၊ ၂၀၂၁ ပွင့်လင်းရာသီတွေမှာ ခရီးသွားတွေနဲ့ အမြဲစည်းကားလေ့ရှိတဲ့ ပုဂံဒေသရဲ့ ပြင်ပဘုရားဖူးမရှိတဲ့ခရီးသွားရာသီမြင်ကွင်းပါ။ တစ်ချိန်က ဘုရားဖူးတွေနဲ့ ကြိတ်ကြိတ်တိုးနေတဲ့ နာမည်ကျော် ဘုရားတွေကို အခုတော့ တံခါးပိတ်လျက်သားနဲ့ တွေ့မြင်နေရတာပါ။ ပြည်တွင်း ပြည်ပခရီးသွားတွေကိုသာ အဓိကမှီခိုနေရတဲ့ ခရီးသွားမြို့ပုဂံရဲ့ ဒေသခံတွေဟာ လက်ပန်းချီဆွဲတာ ၊ မြင်းလှည်းမောင်းတာ၊ ထမင်းဟင်း စားသောက်ဆိုင်ဖွင့်တာ၊ ဘုရားတွေမှာ ဈေးရောင်းတာ စတာတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြသူတွေပါ။ ပုဂံဒေသ ခရီးသည်ဝင်ရောက်မှုကို ကိုဗဈပထမလှိုငျးစတငခိနြျ ဧပြီလက စတင်ပိတ်ခဲ့ပြီး ဇူလိုင်လကုန်မှာ ပြန်ဖွင့်လှစ်ပေးခဲ့ပါတယ်။ သိပ်မကြာခင် သြဂုတ် လကုန်မှာပဲ ဒုတိယလှိုင်းကြောင့် ခရီးသွားလာခွင့် ပြန်ပိတ်လိုက်ရပါတယ်။ ပိတ်ထားရတဲ့အချိန်တွေမှာ ဒေသခံတွေ နေ့စဉ်ရပ်တည်စားသောက်ရေးအတွက် ဘာတွေလုပ်နေသလဲဆိုတာကို တောင်ဘီကျေးရွာနေ ဒေါ်မိုးက အခုလို ပြောပြထားတာပါ။ နှစ်စဉ် ခရီးသွားဧည့်သည် သိန်းဂဏန်းခန့် လာလေ့ရှိတဲ့ ပုဂံဘုရားတွေကို ခုချိန်မှာတော့ ဒေသခံတွေကသာလာရောက်ဖူးမျှော်ကြတာကို တွေ့ရပါတော့တယ်။ ပုဂံရောက်သူတိုင်း တန်းစီစောင့်ပြီးဆွဲလေ့ရှိတဲ့ လက်ပန်းချီဆရာကိုလှိုင်မင်းသူကတော့ အလုပ်မရှိတော့လို့ မိသားစုလုပ်ငန်းလေးကိုပဲ ကူညီပေးနေတဲ့အကြောင်း အခုလိုပဲပြောပြခဲ့တာပါ။ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးကြပ်တည်းကြသလို နိုင်ငံခြား မြင်းလှည်းသမားတွေအတွက်လည်း လူစာထက် မြင်းစာက အရေးကြီးလို့နေပါသေးတယ်။ မြင်းစာစရိတ်ကလည်း တနေ့ကို တစ်သောင်းအထက်မှာရှိနေတဲ့အတွက် ဝယ်ကျွေးဖို့ခက်ခဲနေပုံကို မြင်းလှည်းဆရာ ဦးမောင်မောင်ရဲ့ က ပြောပြခဲ့တာပါ။ ဒျိ ရုပ်သံသတင်းထောက် - ဖြိုးဖြိုးဇော် Credit:7Day TV