No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နံနက် ၁၀နာရီ၊ မိနစ်၃၀ခန့်တွင် ဆန္ဒပြလူအုပ်ကြီးသည် အောင်ဇေယျတံတားအဆင်းရှိ ၁−ထိပ်မှတ်တိုင်အနီး လူပေါင်းထောင်ချီပါဝင်သည့် သပိတ်စစ်ကြောင်းနှင့် ပေါင်းစည်းမိသွားသည်။ “လမ်းပေါ်မှာ သောင်းချီတဲ့လူအုပ်ကြီးက တော်လှန်ရေးသီချင်းတွေကို ဟစ်ကြွေးနေကြတာ။ လူတွေရဲ့ စည်းလုံးညီညွတ်မှုကိုကြည့်ရင်း ကြက်သီးတွေထတဲ့အထိ စိတ်လှုပ်ရှားမိတယ်”ဟု ကိုအာကာက ပြောသည်။ ......... “ကျနော်က အနီးဆုံးရပ်ကွက်ထဲကို ပြေးဝင်လိုက်တာ။ သူတို့ကရပ်ကွက်ထဲထိတော့ မလိုက်ဘဲ မျက်ရည်ယိုဗုံးတွေ ပစ်ထည့်တာ။ နောက်လမ်းသွယ်ထိပ်တွေမှာ ပိတ်ထားပြီး ရပ်ကွက်ထဲက တစ်ခုခုလှုပ်ရှားတာမြင်တာနဲ့ ပစ်တာပဲ။ ကျည်အစစ်တွေ၊ အသံဗုံးတွေနဲ့လည်း ပစ်တယ်”ဟု ကိုမင်းမင်းအောင်က ပြောသည်။ ထိုအချိန်တွင် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအာကာကမူ ဒဏ်ရာရသူများစွာကို အနီးရှိ လူမှုကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များ အထိုင်ချရာနေရာများသို့ သယ်ယူပို့ဆောင် နေခဲ့သည်။ ၎င်းပို့ပေးသည့် ဆန္ဒပြသူအများစုမှာ ဦးခေါင်းသို့မဟုတ် ဝမ်းဗိုက်တွင် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခံထားရသည့် သေလုနီးပါး ဒဏ်ရာရရှိသူများဖြစ်နေသည်။ ........... ဆောင်းပါးအပြည့်အစုံကို ဖရွန်းတီးယားမြန်မာ၏ အင်တာနက်စာမျက်နှာ https://www.frontiermyanmar.net/mm/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ Credit: