No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေ ၈ ဦးပါအဖွဲ့ ဆောင်ရွက်ခွင့်ရ ပုဒ်မ ၅ ခုနဲ့ နေပြည်တော်မှာ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ဧပြီ ၁ ရက်မှာ ဗီဒီယို ကွန်ဖရန်းဇင်းစနစ်နဲ့ ရုံးထုတ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလိုက်ပါဆောင်ရွက်သူ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။ ဒီနေ့မွန်းတည့်လောက်မှာ အွန်လိုင်းဗီဒီယိုနဲ့ ရုံးထုတ်ခဲ့တာဖြစ်ပြီး ဒေ့်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ကြောင်း ၊ အမှုတွေကိုလိုက်ပါဆောင်ရွက်ဖို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အပါအဝင် ရှေ့နေတချို့ကို တရားသူကြီးထံ ဒေါ်မင်းမင်းစိုးက တင်ပြရမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေစာရင်းကိုအတည်ပြုပေးတဲ့အတွက် စုစုပေါင်းရှေ့နေ ၈ ဦးပါအဖွဲ့က လိုက်ပါဆောင်ရွက်ခွင့်ရပြီဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56582387 ဒီနေ့ ရုံးထုတ်နဲ့ပတ်သက်လို့ ထပ်မံသိရတဲ့အချက်အလက် တွေကိုလည်း ဘီဘီစီက ဆက်လက်တင်ဆက်ပေးဖို့ရှိနေပါတယ်။ Credit: