
သြစတြေးလျနိုင်ငံသား နှစ်ဦး မြန်မာပြည်က မထွက်ခွါခင် အဖမ်းခံရ ~~~~~~ ■ မြန်မာနိုင်ငံကနေ လေယာဉ်နဲ့ ပြန်ထွက်ခွာဖို့ကြိုးပမ်းခဲ့တဲ့ ကနေဒါနဲ့ သြစတြေးလျပူးတွဲနိုင်ငံသား နှစ်ဦး သောကြာနေ့က မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့အကြောင်း သြစတြေးလျသတင်း ဌာနတစ်ခုဖြစ်တဲ့ SBS သတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။ အဖမ်းခံခဲ့ရတဲ့ Matthew O’Kane နဲ့ Christa Avery တို့ နှစ်ဦးဟာ ရန်ကုန်မြို့မှာ စီးပွားရေးအကြံပေးလုပ်ငန်းကို လုပ်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်နဲ့ပါဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ သြစတြေးလျ နိုင်ငံသား သုံးယောက်ရှိသွားပါပြီ။ ပထမတစ်ဦးကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ပဲဖြစ်ပါတယ်။ သောကြာနေ့က အဖမ်းခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား နှစ်ယောက်အတွက် သံတမန်လမ်းကြောင်းက တဆင့်အကူအညီတွေ ပေးနေတယ်၊ ပုဂ္ဂိုလ်ရေးစောင့်ထိမ်းရမယ့် ဝတ္တရားအရ အသေးစိတ်ကိုတော့ မပြောနိုင်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက SBS သတင်းဌာနကိုရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ Credit: