No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်တပ်ထုတ်ကုန်မဝယ်နဲ့လှုပ်ရှားမှုပြုလုပ် ရန်ကုန် - ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်တပ်မှထုတ်လုပ်သောကုန်ပစ္စည်းများမဝယ်ကြရန်လှုပ်ရှားမှုကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများကဦးဆောင်၍ယနေ့မနက်ပိုင်းတွင် တာမွေအိုးရှင်းစူပါမားကတ်ရှေ့တွင်ပြုလုပ်နေသည်။ "စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မှာ ပြည်သူ့ဝန်ထမ်းတွေကလည်းသူတို့တတ်နိုင်တဲ့ဘက်ကနေ CDM ကိုလုပ်ဆောင်နေကြတယ်။ ကျွန်မတို့ကျောင်းသားတွေကလည်းလမ်းပေါ်ထွက်တာအပြင်ကို စစ်တပ်ရဲ့ယန္တယားကိုဦးချိုးနိုင်မယ့်ကဏ္ဍတစ်ခုလို့သတ်မှတ်ပြီး ဒီမဝယ်နဲ့လှုပ်ရှားမှုကိုပြုလုပ်တာပါ"ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ မဇွန်ဇာနှင်းဆက် ကပြောသည်။ လက်ကမ်းစာစောင်များဝေခြင်းနှင့် စစ်တပ်ထုတ်ကုန်မဝယ်ကြရန်ဟောပြောခြင်းများပြုလုပ်ခဲ့သည်။ Credit: