ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကိဗ်မြို့က ဘိုးဘွားရိပ်သာတစ်ခုမှာ မီးလောင်ခဲ့တာမှာ လူ ၁၅ဦးသေဆုံးခဲ့ရတယ်လို့ ယူကရိန်းအရေးပေါ်ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ရက် မွန်းလွဲပိုင်းလောက်က စတင်မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့အဆောက်အအုံက နှစ်ထပ်တိုက်ဖြစ်ကာ အဆောက်အအုံအတွင်းမှာ လူ ၃၃ဦးရှိနေခဲ့တာလို့ ကယ်ဆယ်ရေးဌာနက ဆိုပါတယ်။ လျှပ်စစ်အပူပေးကိရိယာသုံးစွဲပုံမှားယွင်းခဲ့ရာကနေ မီးစလောင်ခဲ့ရတာလို့ ကနဦးယူဆထားကြပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေအသေးစိတ်လုပ်ဆောင်နေကြတဲ့အပြင် ထိခိုက်ဒဏ်ရသူတွေကို အနီးအနားက ဆေးရုံတွေမှာ ကုသမှုပေးထားခဲ့ပြီလို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။ မီးစတင်လောင်ခဲ့ပြီးနောက် မီးသတ်ဝန်ထမ်း ၅၀ဦးမျှနဲ့ နှစ်နာရီနီးပါး မီးငြိမ်းသတ်ခဲ့ရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။ Crd
