
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွား အုတ်စက်ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုသီဟဖြိုးကို ဒီကနေ့ မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီက အေးရိပ်ငြိမ်သုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။ သေဆုံးသူဟာ မတ်လ ၁၈ ရက် ည ၈ နာရီကျော် အချိန်က ညဘက် လုံခြုံရေး ကင်းစောင့်နေတာဖြစ်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ က ကျည်အစစ်နဲ့ ပစ်တာကြောင့် နောက်ကျော ကျည်မှန်သေဆုံးခဲ့တာပါ။ အဲ့ဒီလိုပစ်ခတ်မှုကြောင့် နောက်ထပ်နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ပန်းရန်လုပ်ကိုင်တာဖြစ်ပြီး ညီအကိုမောင်နှမ ငါးဦးရှိကာ အဖေ အမေနဲ့ အတူနေထိုင်သူဖြစ်ပါတယ်။ #dvbtvnews #mandalay #RejectMilitaryCoup #whatishappeninginmyanmar Credit: