
ဒေါက်တာဇော်ဝေစိုးကို သေဒဏ်ပေးနိုင်တဲ့ အမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာန လေးခု တာဝန်ပေးထားတဲ့ ဒေါက်တာ ဇော်ဝေစိုးကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ အဲဒီကြေညာချက်တွေထဲမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် အမြင့်ဆုံး သေဒဏ်ကနေ ထောင် နှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့လည်း ကြေညာသွားပါတယ်။ ဒီသတင်းနဲ့အတူ နောက်ဆုံးရ သတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56245583 Credit: