No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖားကန့် ပစ်ခတ်မှု လူငယ်တစ်ဦး ဦးခေါင်းကျည်ထိ သေဆုံး ~~~~~~ ■ ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာစစ်ကြောင်းကို စစ်ကောင်စီတပ်က မတ်လ ၂၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းရာ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူ ကိုသန့်ဇော် ဟာ အသက် (၁၉) နှစ်အရွယ်ရှိပြီး ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် မအူရိုးကျေးရွာကလို့ သိရပြီး ဖားကန့်မြို့က ကျောက်ဖြတ်ခုံတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့တဲ့ ဆိပ်မူစစ်ကြောင်း၊ အေးမြသာယာစစ်ကြောင်းနဲ့ လုံးခင်း - မော်ဝမ်းစစ်ကြောင်းတို့ကို ဒီနေ့ နေ့လယ် ၂ နာရီမှာ စစ်သားနဲ့ ရဲတွေက တပြိုင်နက် ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီဖြိုခွင်းမှုကြောင့် လုံးခင်း - မော်ဝမ်း ပူးပေါင်းစစ်ကြောင်းက ခုနစ်ဦး သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ Credit: