
ဟဒ်အင်မြူနတီလို့ ခေါ်တယ်။ တနည်းအားဖြင့် Population Immunity လူဦးရေ ခုခံနိုင်စွမ်းလို့ ခေါ်တယ်။ ဆိုလိုတာက လူဦးရေတခုလုံး သို့မဟုတ် ကွန်မြူနတီတခုလုံး သို့မဟုတ် တိုင်းပြည်တခုလုံးဟာ ကူးစက်ရောဂါတခုကို ခံနိုင်စွမ်းရှိနေခြင်းဖြစ်တယ်။ တနည်းအားဖြင့် ရောဂါပြီးခြင်းဖြစ်တယ်။ အဲလိုအခြေအနေ ရောက်စေဘို့ (၂) နည်းရှိတယ်။ ၁။ ကူးစက်ခံရမှုကနေရရှိထားတဲ့ ရောဂါပြီးခြင်း။ ၂။ ကာကွယ်ဆေးကို လုံလောက်အောင်ထိုးနှံထားခြင်။ ရောဂါတခုကို ခံနိုင်ရည်ရှိစေအောင် ရောဂါတွေရစေပြီး ခုခံအားတွေရစေနည်းဟာ လက်တွေ့မကျပါ။ ရောဂါရတဲ့သူတွေ တချို့သေဆုံးကြရမှာ ဖြစ်တယ်။ မသေလည်း အလူးအလဲခံကြရမယ်။ အဲဒါကြောင့် ကာကွယ်ဆေး ထိုးပေးနည်းကို သုံးရတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ကနေ Herd Immunity လူအစုလိုက် ရောဂါခုခံနိုင်စွမ်းရစေအောင် Vaccines ကာကွယ်ဆေးထိုးနည်း သုံးပါတယ်။ ကာကွယ်ဆေး စနစ်တကျထိုးလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ရောဂါကို ခုခံနိုင်စွမ်းရှိတဲ့ Antibodies အင်တီဘော်ဒီတွေ ထွက်လာမယ်။ ရောဂါပိုးဝင်လာရင် ခုခံတိုက်ဖျက်ပေးမယ်။ ကိုဗစ်ကနေ ဟဒ်အင်မြူနတီ ခေါ် လူအစုလိုက်ရောဂါခုခံနိုင်စွမ်းရစေအောင် ကာကွယ်ဆေးထိုးသူအရေအတွက် လုံလောက်အောင်များရမယ်။ အဲဒါမှသာ လူတွေပတ်ဝန်းကျင်မျာ ဗိုင်းရပ်စ်အရေအတွက် နည်းစေမယ်။ ရောဂါအဖြစ်များသူတွေကို ကာကွယ်ဆေးထိုးပေးရမယ်။ အဲဒါကြောင့် ဦးစားပေးအုပ်စုခွဲထားတာ။ ကျန်းမာရေးတာဝန် ဆောင်ရွက်နေသူတွေနဲ့ အသက်ကြီးသူတွေ။ လူဘယ်လောက်များများ ကာကွယ်ဆေးထိုးရမလဲ.. ကူးစက်ရောဂါအမျိုးအစားအရ မတူပါ။ ဥပမာ Measles ဝက်သက်ရောဂါအတွက် ၉၅% ကာကွယ်ဆေးထိုးသင့်တယ်။ Polio ပိုလီယိုရောဂါအတွက် ၈၀% ကာကွယ်ဆေးထိုးဘို့ လိုအပ်တယ်။ ကိုဗစ်ရောဂါ အတွက် % ဘယ်လောက်လိုသလဲ တိတိကျကျမသိသေးပါ။ ဆောရီး။ ရောဂါကအသစ်။ ကာကွယ်ဆေးကလည်း အသစ်တွေ။ တိုင်းပြည်တခုနဲ့ တခုလည်း တူမယ်မဟုတ်ပါ။ ကာကွယ်ဆေးထိုးရမလား၊ မထိုးရဲဘူး မေးသူတွေနေ့တိုင်း ညတိုင်း လာနေတယ်။ မြန်မာပြည်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လူအများစုကြီးက လိုက်နာသင့်ကြပါတယ်။ ကိုယ်က ကာကွယ်နည်းတွေကို လိုက်နာခြင်းနဲ့ ကာကွယ်ဆေးထိုးသင့်တဲ့ စာရင်းမှာပါရင် ထိုးခြင်းဟာ တိုင်းပြည် ကောင်းစားရေး လုပ်ဆောင်တာဖြစ်တယ်။ အမျိုးသားရေးဖြစ်တယ်။ ပါးစပ်ကသာ အမျိုးသားရေးအော်နေသူတွေကို ရှောင်ပါလေ။ ကျောက်ကြီးရောဂါ ကမ္ဘာကပျောက်ကွယ်သွားပြီ။ ပိုလီယို ပျောက်တဲ့နိုင်ငံတွေ ပျောက်ပြီ။ ဒေါက်တာတင့်ဆွေ Credit: