
ကိုဗစ်ရောဂါပိုးတွေ့လူနာ ၄၄၉ ဦးရှိ၊ ပိုးတွေ့လူနာ ၅၀၀ အောက် နှစ်ရက်ဆက်တိုက်ကျဆင်း ယနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ယနေ့ပိုးတွေ့လူနာ ၄၄၉ ဦးရှိပြီး ပိုးတွေ့ရှိမှုနှုန်းက ၂.၅ ရာခိုင်နှုန်းလို့ သိရပါတယ်။ ယနေ့ သေဆုံးလူနာကလည်း ၁၃ ဦးရှိပြီး ရောဂါအခံရှိသူ ၁၂ ဦးပါဝင်တယ်လို့လည်း သိရပါတယ်။