
အာဏာစနစ်ဆန့်ကျင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဒေသခံတိုင်းရင်းသားပေါင်းစုံက ယနေ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ ထိုသို့ဆန္ဒပြနေစဥ် ဆန္ဒထုတ်ဖော်နေသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးသွား၍ ၎င်းအားအမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုနေကြသည်။ ဖမ်းဆီးခံရသူမှာ ဦးစောဘအေးဆိုသူဖြစ်ပြီး မြို့ခံများက မူဆယ်ရဲစခန်းရှေ့တွင် စုရုံးတောင်းဆိုနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓါတ်ပုံ - 7Day Credit: