
ရွှေပြည်သာ၊ ထန်းခြောက်ပင်ဆန္ဒပြခံတပ် မနက်အစောပိုင်းမှာပဲ ဖြိုခွင်းခံရ ----------------------- ရွှေပြည်သာ ထန်းခြောက်ပင်ရဲ့ ဒီကနေ့ မနက်ပိုင်း ဆန္ဒပြလူထုလုပ်ထားတဲ့ ခံတပ်ကို စစ်တပ်နဲ့ရဲကဖယ်ရှားပြီး လူထုကို ဖြိုခွဲလိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်ဖြိုခွဲခံရမှုမ ှာ ဖမ်းဆီးခံလိုက်ရသူအချို့ရှိနေပြီး ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ "လက်ရှိတစ်ယောက်ပါသွားတယ်လို့ သိရပါတယ်။တစ်ချို့နေရာပစ်တယ်လို့ကြားပါတယ်။ ထန်း ၆ ပင်လမ်းဆုံက ရဲနဲ့ စစ်သားတွေရဲ့ အနေအထားပါ။ စစ်နဲ့ ရဲကား ၂၀ ဝန်းကျင်လောက်ပါ။ ဘူဒိုဇာတစ်စီးပါပါတယ်။ ခံတပ်ကိုဖြိုသွားတာပါ။ အရပ်ကား light truck နဲ့ပါ ရပ်ကွက်ကို ပတ်နေတာပါ။"လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဆန္ဒပြလူထု ခံတပ်ဖြိုခံလိုက်ရပြီးနောက် လူထုက လူစုခွဲပြီး ဘေးလွတ်ရာကို ရှောင်နေကြောင်း၊ ရဲနဲ့စစ်တပ်ကတော့ ထန်းခြောက်ပင်လမ်းဆုံမှာ တပ်စွဲထားတယ်လို့သိရပါတယ်။ Credit: