အင်းစိန်ပေါက်တောဝသပိတ်ကနေ စစ်တပ်နဲ့ရဲပြန်ဆုတ်ခွာ (မတ်လ၆ရက်နေ့၊ မွန်းလွဲတစ်နာရီခွဲ) အင်းစိန်၊ ပေါက်တောဝ ဘုရင့်နောင်လမ်း သပိတ်ကနေ မွန်းလွဲ တစ်နာရီခွဲမှာ စစ်တပ်နဲ့ရဲတွေ ပြန်လည်ဆုတ်ခွာသွားပါတယ်။ ဒီနေ့မှာ စစ်တပ်နဲ့ရဲ့က သေနတ်အချက်၂၀ကျော် ပစ်ဖောက်ခဲ့ပြီး မျက်ရည်ယိုဗုံးတချို့ကိုလည်းသုံးခဲ့ပါတယ်။ ဒါပေမယ့် သပိတ်ပြိုကွဲမသွားအောင် လူငယ်တွေကထိန်းနိုင်ခဲ့ပါတယ်။ လူငယ်ဆယ်ယောက်လောက်ကိုတော့ ရဲကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လူငယ်တွေအသုံးပြုတဲ့ စတီးလ်ဒိုင်း၇ခုကိုလည်း ရဲတပ်ဖွဲ့က သိမ်းယူသွားပါတယ်။ အင်းစိန်ပေါက်တောဝသပိတ်ကို မတ်လ၃ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး လေးရက်မြောက်တဲ့အထိ သပိတ်ကိုအောင်မြင်အောင်ထိန်းထားနိုင်ခဲ့တယ်လို့ ဦးဆောင်လူငယ်တစ်ဦးကပြောပါတယ်။ ဘုရင့်နောင်လမ်းကို ပိတ်ပြီးသပိတ်မှောက်တာဟာ CDM ပိုအား ကောင်းလာအောင်နဲ့ ကုန်စည်စီးဆင်းမှုဖြတ်တောက်နိုင်အောင်ရည်ရွယ်တယ်လို့ သပိတ်မှောက်လူငယ်တွေက ပြောပါတယ်။ #dvbtvnews #innsein #protest #whatishappeninginmyamar Credit:
