
"ပြည်သူသောင်းချီ လိုက်ပါပို့ဆောင်ခဲ့တဲ့ မန္တလေးက ကျဆုံးသူ ကိုဇော်မျိုးနာရေး" ရဲနှင့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ကိုဇော်မျိုး၏ နာရေးအခမ်းအနားကို ယနေ့မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်ရာတွင် မန္တလေးမြို့ခံပြည်သူ သောင်းနှင့်ချီ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော် အချိန်က မန္တလေးမြို့ ၄၉ လမ်းနှင့် ၁၁၁ လမ်းအနီး ရဲနှင့်စစ်တပ်က ပစ်ခတ်မှုကြောင့် လမ်းဘေးတွင် ရပ်ကြည့်နေသည့် အသက် ၂၇ နှစ် အရွယ် ကိုဇော်မျိုးသည် ရင်ဘတ်အပေါ်ပိုင်း ကျည်မှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုဇော်မျိုးတွင် ငါးနှစ်သားကလေးတစ်ဦး၊ ကိုယ်၀န်နှင့် ဇနီးသည်တို့ ကျန်ရစ်ခဲ့သည်။ ဓါတ်ပုံ- 7Day News Credit: