
ပိတ်ထားခဲ့တဲ့ ငပလီကမ်းခြေနဲ့ လေကြောင်းလိုင်းတွေကို ဖွင့်ပေးပြီး နှစ်ပတ်အကြာမှာ ပြန်ပိတ်ရ ~~~~~~ ဦးသစ်ဆင်း မြန်မာနိုင်ငံမှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း နေ့စဉ် ကူးစက်မှုနှုန်းတွေ မြင့်တက်ခဲ့ပေမယ့်၊ အခုအခါ ကူးစက်နှုန်း နှေးကွေးလာနေပြီး၊ သေဆုံးနှုန်းလည်း ဆက်လက်ကျဆင်းနေတယ်လို့ အမေရိကန် John Hopkins တက္ကသိုလ်က ပြောပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကူးစက်မှုတွေက မြင့်တက်နေဆဲဖြစ်ပါတယ်။ ကမ္ဘာ့ စာရင်းဇယား အချက်အလက်ဆိုင်ရာ အင်တာနက်စာမျက်နှာ Worldometer ရဲ့ ဖေါ်ပြချက်အရ ကမ်ဘာတဈ၀ှမျး မနေ့ကအထိ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ကိုးဆယ့်လေးသန်း လေးသိန်းကျော်၊ သေဆုံးသူ နှစ်သန်း နှစ်သောင်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၆၇ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ တစ်သိန်း သုံးသောင်းကျော်၊ သေဆုံးသူ ၂၉၂၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ တစ်သိန်း တစ်သောင်း ခြောက်ထောင်ကျော် ရှိပါတယ်။ နိုင်ငံပေါင်း ၂၀၁ နိုင်ငံမှာ မြန်မာက ကူးစက်မှုအဆင့် ၇၀ မှာရှိပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပေမယ့်၊ အခုအခါ ကူးစက်နှုန်း တစ်စတစ်စ နှေးကွေးလာနေပြီး၊ သေဆုံးနှုန်းလည်း ဆက်လက်ကျဆင်းနေတယ်လို့ အမေရိကန် John Hopkins တက္ကသိုလ် ကိုဗစ်- ၁၉ ဆိုင်ရာ စာရင်းဇယားဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့က ကူးစက်ခံရသူ ၂၁၅၈ ဦး အထိ ရှိခဲ့ရာက ဒီနှစ်ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကူးစက်ခံရသူ ၆၀၅ ဦး အထိ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုအတွင်း လူ တစ်သန်းမှာ ဗိုင်းရပ်ကြောင့်သေဆုံးသူ ၁၂၁၀ ဦးရှိနေချိန်၊ မြန်မာနိုင်ငံက လူတသန်းမှာ သေဆုံးသူ ၅၄ ဦး ဖြစ်ပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာ ကိုရိုနာ ကိုဗစ် ကူးစက်ခံရသူ တစ်ဦး တွေ့ရှိခဲ့လို့ ကမ်းခြေကို ပြန်ပိတ်လိုက်ရပါတယ်။ ကိုဗစ် ကူးစက်မှုအတွင်း ပိတ်ထားခဲ့တဲ့ ငပလီကမ်းခြေ နဲ့ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ ပြန်ပိတ်လိုက် ရတာပါ။ ဟိုတယ်တွေမှာ ရောက်ရှိနေကြသူတွေကိုလည်း သီးသန့်နေခိုင်းထားပါတယ်။ ငပလီမှာ ဟိုတယ်ပေါင်း ၁၉၈၄ ခု ရှိပြီး၊ ကပ်ဘေးကာလအတွင်း ပိတ်ထားရတာကြောင့် အမေရိကန်ဒေါ်လာ သုံးသန်းလောက်ဆုံးရှုံးရကြောင်း ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်ပြည်မှာတော့ တီယန်ကျင်း မှာရှိတဲ့ စားသောက်ကုန် ကုမ္ပဏီတစ်ခုက ရေခဲမုန့်တွေမှာ ကိုဗစ်- ၁၉ ဗိုင်းရပ်စ် တွေ့ရှိခဲ့လို့ ထောင်နဲ့ချီတဲ့ မုန့်ဘူးတွေကို ဖျက်ဆီးခဲ့ရပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် ကိုဗစ်ဗိုင်းရပ်ဟာ အပူချိန်နိမ့်တဲ့၊ အေးတဲ့ နေရာမှာ ရှင်သန်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖျက်ဆီးပစ်ခဲ့ရတဲ့ ရေခဲမုန့်ဘူးအရေအတွက် နှစ်ထောင်ကျော်ကနေ လေးထောင်ကျော်အထိရှိမယ်လို့ သိရပါတယ်။ တခြို့မုနျု့ဘူးတှေ ကတော့ စျေးကွက်တွေထဲ ရောက်ရှိသွားခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် စျေးဆိုင်တွေကို အသိပေးအကြောင်းကြား ထားပြီး၊ ဝယ်ယူသွားခဲ့သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှု ခံယူကြဖို့ ဆော်ဩထားပါတယ်။ အဲဒီ စားသောက်ကုန်ကုမ္ပဏီ ဝန်ထမ်း ၁၆၆၂ ဦးကိုလည်း ကျန်းမာရေးစစ်ဆေးပြီး သီးသန့် ကွာရာတင်း ဝင်ခိုင်းထားပါတယ်။ အခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဖွဲ့တစ်ဖွဲ့ ကိုရိုနာ ကိုဗစ် ဗိုင်းရပ်စ် စတင် ဖြစ်ပွား ကူးစက်ရာ တရုတ်ပြည်ကို ရောက်ရှိနေပြီး၊ ကပ်ရောဂါ ပေါ်ပေါက်ခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းလေ့လာနေကြပါတယ်။ ဒါပြင် မျိုးဗီဇပြောင်းနေတဲ့ ကိုရိုနာပိုးသစ်ကြောင့် ကမ္ဘာအနှံ့မှာ ရောဂါကူးစက်ခံရသူ ဦးရေ အလွန်အမင်း များပြားလာနိုင်ကြောင်းလည်း WHOက သတိပေးထားပါတယ်။ အစားအစာ နဲ့ ဆေးဝါး ကွပ်ကဲရေးဌန FDA အကြီးအကဲဟောင်းကလည်း အမေရိကန်ပြည်ထောင်စုမှာ လာမယ့် ဖေဖေါ်ဝါရီ လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ငါးသိန်းနီးပါးအထိ ရောက်ရှိလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ ခြောက်သောင်းခွဲကျော်ရှိပြီဖြစ်တဲ့ ဥရောပမှာ ကာကွယ်ဆေး လုပ်ငန်းနှေးကွေးနေတဲ့အတွက် အစိုးရတွေ ပြစ်တင်ဝေဖန်ခံနေရပါတယ်။ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ လပ်ဗီးယား၊ ဆွီဒင် တို့ကလည်း ကာကွယ်ဆေးကြန့်ကြာနေရတဲ့ အခြေအနေကို လက်မခံနိုင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ဥရောပ ကော်မရှင်ကတော့ ပထမလေးလပတ်အတွက် မှာယူထားတဲ့ ကာကွယ်ဆေးတွေ အချိန်မီရောက်ရှိလာမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန် ဖိုင်ဇာကုမ္ပဏီနဲ့ ဂျာမန် ဘိုင်အို အင်တက် ကုမ္ပဏီတို့ကတော့ ဘယ်လ်ဂျီယမ် က စက်ရုံတစ်ရုံမှာ ပြဿနာရှိနေလို့ ကာကွယ်ဆေးတွေ အချိန်မီရောက်ရှိဖို့ နှောင့်နှေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာလည်း ကူးစက်မှု အခြေအနေ ဆိုးရွားနေဆဲဖြစ်နေတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဝန်နဲ့အားမမျှတော့ဘဲ၊ ပြိုလဲလုနီးနီး ဖြစ်လာနေကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့ ဗြိတိန်ဆေးမှူးချုပ်ကတော့ အဆိုးဆုံးအခြေအနေအထိ မရောက်သေးဘဲ၊ လာမယ့် နှစ်ပတ် သုံးပတ် လောက်မှ အဆိုးဆုံး အခြေအနေ ကိုပြောပါတယ်။ အခုအခါ ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနေတာနဲ့အမျှ နိုင်ငံအများမှာ ကန့်သတ်မှုတွေ တိုးတက် ဆောင်ရွက်လာနေကြပါတယ်။ ပေါ်တူဂီက သောကြာနေ့မှာ တစ်နိုင်ငံလုံးကို ထပ်ပိတ်လိုက်ပြီး၊ အီတလီ၊ဘရာဇီးအပါအဝင် နိုင်ငံအများမှာ ကန့်သတ်ချက် အသစ်တွေ ထပ်မံချထားလိုက်ပါတယ်။ ဘရာဇီး မြောက်ပိုင်းမှာ ကျန်းမာရေး စနစ်တစ်ခုလုံး ကျိုးပေါက်လုမတတ်ဖြစ်နေပြီး၊ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ကာဖျုး အမိန့်ထုတ်ထားပါတယ်။ အခြေအနေက အတွင်းပြို ပြိုနေတဲ့ အနေအထား မှာရှိနေကြောင်း ကျန်းမာရေး အရာရှိတစ်ဦးကပြောပါတယ်။ ဒါပြင် ဗြိတိန်နဲ့ တောင်အာဖရီကမှာလို၊ ဘရာဇီးမှာလည်း ကူးစက်မြန် ဗိုင်းရပ်မျိုးသစ်တစ်မျိုး ပေါ်ပေါက်နေတဲ့အတွက် ပိုမို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အခုအခါ ဗြိတိန်က တောင်အမေရိကနဲ့ ပေါ်တူဂီက လာတဲ့သူတွေကို အဝင်မခံဘဲ ပိတ်ထားလိုက်ပါတယ်။ တခြားက ဝင်လာသူတွေကိုလည်း ကူးစက်မှုမရှိကြောင်း စစ်ဆေးချက် အဖြေရှိမှ အဝင်ခံပြီး၊ ကွာရာတင်းလည်း ထပ်မံဝင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်အတွင်း ကပ်ဘေးဆိုင်ရာ ခရီးသွားကန့်သတ်ချက်တွေကြောင့် လေယာဉ်ခရီးစဉ် ၆၀ ရာနှုန်း ကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့က ပြောပါတယ်။ - Unicode --------------- ပိတ်ထားခဲ့တဲ့ ငပလီကမ်းခြေနဲ့ လေကြောင်းလိုင်းတွေကို ဖွင့်ပေးပြီး နှစ်ပတ်အကြာမှာ ပြန်ပိတ်ရ ~~~~~~ ဦးသစ်ဆင်း မြန်မာနိုင်ငံမှာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း နေ့စဉ် ကူးစက်မှုနှုန်းတွေ မြင့်တက်ခဲ့ပေမယ့်၊ အခုအခါ ကူးစက်နှုန်း နှေးကွေးလာနေပြီး၊ သေဆုံးနှုန်းလည်း ဆက်လက်ကျဆင်းနေတယ်လို့ အမေရိကန် John Hopkins တက္ကသိုလ်က ပြောပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကူးစက်မှုတွေက မြင့်တက်နေဆဲဖြစ်ပါတယ်။ ကမ္ဘာ့ စာရင်းဇယား အချက်အလက်ဆိုင်ရာ အင်တာနက်စာမျက်နှာ Worldometer ရဲ့ ဖေါ်ပြချက်အရ ကမ္ဘာတစ်ဝှမ်း မနေ့ကအထိ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ကိုးဆယ့်လေးသန်း လေးသိန်းကျော်၊ သေဆုံးသူ နှစ်သန်း နှစ်သောင်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၆၇ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ တစ်သိန်း သုံးသောင်းကျော်၊ သေဆုံးသူ ၂၉၂၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ တစ်သိန်း တစ်သောင်း ခြောက်ထောင်ကျော် ရှိပါတယ်။ နိုင်ငံပေါင်း ၂၀၁ နိုင်ငံမှာ မြန်မာက ကူးစက်မှုအဆင့် ၇၀ မှာရှိပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပေမယ့်၊ အခုအခါ ကူးစက်နှုန်း တစ်စတစ်စ နှေးကွေးလာနေပြီး၊ သေဆုံးနှုန်းလည်း ဆက်လက်ကျဆင်းနေတယ်လို့ အမေရိကန် John Hopkins တက္ကသိုလ် ကိုဗစ်- ၁၉ ဆိုင်ရာ စာရင်းဇယားဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့က ကူးစက်ခံရသူ ၂၁၅၈ ဦး အထိ ရှိခဲ့ရာက ဒီနှစ်ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကူးစက်ခံရသူ ၆၀၅ ဦး အထိ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုအတွင်း လူ တစ်သန်းမှာ ဗိုင်းရပ်ကြောင့်သေဆုံးသူ ၁၂၁၀ ဦးရှိနေချိန်၊ မြန်မာနိုင်ငံက လူတသန်းမှာ သေဆုံးသူ ၅၄ ဦး ဖြစ်ပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာ ကိုရိုနာ ကိုဗစ် ကူးစက်ခံရသူ တစ်ဦး တွေ့ရှိခဲ့လို့ ကမ်းခြေကို ပြန်ပိတ်လိုက်ရပါတယ်။ ကိုဗစ် ကူးစက်မှုအတွင်း ပိတ်ထားခဲ့တဲ့ ငပလီကမ်းခြေ နဲ့ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ ပြန်ပိတ်လိုက် ရတာပါ။ ဟိုတယ်တွေမှာ ရောက်ရှိနေကြသူတွေကိုလည်း သီးသန့်နေခိုင်းထားပါတယ်။ ငပလီမှာ ဟိုတယ်ပေါင်း ၁၉၈၄ ခု ရှိပြီး၊ ကပ်ဘေးကာလအတွင်း ပိတ်ထားရတာကြောင့် အမေရိကန်ဒေါ်လာ သုံးသန်းလောက်ဆုံးရှုံးရကြောင်း ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်ပြည်မှာတော့ တီယန်ကျင်း မှာရှိတဲ့ စားသောက်ကုန် ကုမ္ပဏီတစ်ခုက ရေခဲမုန့်တွေမှာ ကိုဗစ်- ၁၉ ဗိုင်းရပ်စ် တွေ့ရှိခဲ့လို့ ထောင်နဲ့ချီတဲ့ မုန့်ဘူးတွေကို ဖျက်ဆီးခဲ့ရပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် ကိုဗစ်ဗိုင်းရပ်ဟာ အပူချိန်နိမ့်တဲ့၊ အေးတဲ့ နေရာမှာ ရှင်သန်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖျက်ဆီးပစ်ခဲ့ရတဲ့ ရေခဲမုန့်ဘူးအရေအတွက် နှစ်ထောင်ကျော်ကနေ လေးထောင်ကျော်အထိရှိမယ်လို့ သိရပါတယ်။ တခြို့မုနျု့ဘူးတှေ ကတော့ စျေးကွက်တွေထဲ ရောက်ရှိသွားခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် စျေးဆိုင်တွေကို အသိပေးအကြောင်းကြား ထားပြီး၊ ဝယ်ယူသွားခဲ့သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှု ခံယူကြဖို့ ဆော်ဩထားပါတယ်။ အဲဒီ စားသောက်ကုန်ကုမ္ပဏီ ဝန်ထမ်း ၁၆၆၂ ဦးကိုလည်း ကျန်းမာရေးစစ်ဆေးပြီး သီးသန့် ကွာရာတင်း ဝင်ခိုင်းထားပါတယ်။ အခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဖွဲ့တစ်ဖွဲ့ ကိုရိုနာ ကိုဗစ် ဗိုင်းရပ်စ် စတင် ဖြစ်ပွား ကူးစက်ရာ တရုတ်ပြည်ကို ရောက်ရှိနေပြီး၊ ကပ်ရောဂါ ပေါ်ပေါက်ခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းလေ့လာနေကြပါတယ်။ ဒါပြင် မျိုးဗီဇပြောင်းနေတဲ့ ကိုရိုနာပိုးသစ်ကြောင့် ကမ္ဘာအနှံ့မှာ ရောဂါကူးစက်ခံရသူ ဦးရေ အလွန်အမင်း များပြားလာနိုင်ကြောင်းလည်း WHOက သတိပေးထားပါတယ်။ အစားအစာ နဲ့ ဆေးဝါး ကွပ်ကဲရေးဌန FDA အကြီးအကဲဟောင်းကလည်း အမေရိကန်ပြည်ထောင်စုမှာ လာမယ့် ဖေဖေါ်ဝါရီ လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ငါးသိန်းနီးပါးအထိ ရောက်ရှိလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ ခြောက်သောင်းခွဲကျော်ရှိပြီဖြစ်တဲ့ ဥရောပမှာ ကာကွယ်ဆေး လုပ်ငန်းနှေးကွေးနေတဲ့အတွက် အစိုးရတွေ ပြစ်တင်ဝေဖန်ခံနေရပါတယ်။ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ လပ်ဗီးယား၊ ဆွီဒင် တို့ကလည်း ကာကွယ်ဆေးကြန့်ကြာနေရတဲ့ အခြေအနေကို လက်မခံနိုင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ဥရောပ ကော်မရှင်ကတော့ ပထမလေးလပတ်အတွက် မှာယူထားတဲ့ ကာကွယ်ဆေးတွေ အချိန်မီရောက်ရှိလာမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန် ဖိုင်ဇာကုမ္ပဏီနဲ့ ဂျာမန် ဘိုင်အို အင်တက် ကုမ္ပဏီတို့ကတော့ ဘယ်လ်ဂျီယမ် က စက်ရုံတစ်ရုံမှာ ပြဿနာရှိနေလို့ ကာကွယ်ဆေးတွေ အချိန်မီရောက်ရှိဖို့ နှောင့်နှေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာလည်း ကူးစက်မှု အခြေအနေ ဆိုးရွားနေဆဲဖြစ်နေတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဝန်နဲ့အားမမျှတော့ဘဲ၊ ပြိုလဲလုနီးနီး ဖြစ်လာနေကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့ ဗြိတိန်ဆေးမှူးချုပ်ကတော့ အဆိုးဆုံးအခြေအနေအထိ မရောက်သေးဘဲ၊ လာမယ့် နှစ်ပတ် သုံးပတ် လောက်မှ အဆိုးဆုံး အခြေအနေ ကိုပြောပါတယ်။ အခုအခါ ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနေတာနဲ့အမျှ နိုင်ငံအများမှာ ကန့်သတ်မှုတွေ တိုးတက် ဆောင်ရွက်လာနေကြပါတယ်။ ပေါ်တူဂီက သောကြာနေ့မှာ တစ်နိုင်ငံလုံးကို ထပ်ပိတ်လိုက်ပြီး၊ အီတလီ၊ဘရာဇီးအပါအဝင် နိုင်ငံအများမှာ ကန့်သတ်ချက် အသစ်တွေ ထပ်မံချထားလိုက်ပါတယ်။ ဘရာဇီး မြောက်ပိုင်းမှာ ကျန်းမာရေး စနစ်တစ်ခုလုံး ကျိုးပေါက်လုမတတ်ဖြစ်နေပြီး၊ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ကာဖျုး အမိန့်ထုတ်ထားပါတယ်။ အခြေအနေက အတွင်းပြို ပြိုနေတဲ့ အနေအထား မှာရှိနေကြောင်း ကျန်းမာရေး အရာရှိတစ်ဦးကပြောပါတယ်။ ဒါပြင် ဗြိတိန်နဲ့ တောင်အာဖရီကမှာလို၊ ဘရာဇီးမှာလည်း ကူးစက်မြန် ဗိုင်းရပ်မျိုးသစ်တစ်မျိုး ပေါ်ပေါက်နေတဲ့အတွက် ပိုမို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အခုအခါ ဗြိတိန်က တောင်အမေရိကနဲ့ ပေါ်တူဂီက လာတဲ့သူတွေကို အဝင်မခံဘဲ ပိတ်ထားလိုက်ပါတယ်။ တခြားက ဝင်လာသူတွေကိုလည်း ကူးစက်မှုမရှိကြောင်း စစ်ဆေးချက် အဖြေရှိမှ အဝင်ခံပြီး၊ ကွာရာတင်းလည်း ထပ်မံဝင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်အတွင်း ကပ်ဘေးဆိုင်ရာ ခရီးသွားကန့်သတ်ချက်တွေကြောင့် လေယာဉ်ခရီးစဉ် ၆၀ ရာနှုန်း ကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့က ပြောပါတယ်။ - Zawgyi --------------- Credit,