No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်မတော်က ထုတ်ပြန်တဲ့ မဲမသာမှုပေါင်း (၉၁) သိန်းကျော်လာ ~~~~~ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ မဲသမာမှုဖြစ်စဉ်ပေါင်း (၉၁) သိန်းကျော်အထိ ရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊မရှိ သိနိုင်ဖို့ တပ်မိသားစုဝင်တွေ အများစု မဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို တပ်မတော်ဘက်က ပြန်စိစစ်နေတာဖြစ်ပြီး လတ်တလောမှာ မြို့နယ် (၁၉၅) မြို့နယ်ကို ပြန်စိစစ်ပြီးပြီလို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ ဖြစ်ရပ်တွေ၊ အသက် (၁၈)နှစ်မပြည့်ဘဲမဲပေးခွင့်ရခဲ့သလို နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိဘဲမဲပေးခွင့်ရခဲ့တဲ့ အဖြစ်အပျက်တွေကို စိစစ်တွေ့ရှိထားတာလို့ဆိုပါတယ်။ ရွေးကောက်ပွဲ မဲသမာမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ (၃၀) ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဥပဒေအတိုင်းဘယ်လို ဆက်လုပ်မလဲလို့ သတင်းထောက်တွေက မေးမြန်းကြပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိကျကျ ဖြေဆိုတာ မရှိပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ တပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေကို အခြေခံထားတာလို့ ထုတ်ပြန်ထားပါတယ်။ အစောပိုင်းက ထုတ်ပြန်ထားတဲ့ မပြည့်မစုံမဲစာရင်းတွေကို မဲဆန္ဒရှင်တွရဲ့ ပြင်ဆင်ချက်လျှောက်လွှာတွေနဲ့ ပြန်လည်ပြင်ဆင်ခဲ့ပြီးမှ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိ တပ်မတော်က စစ်ဆေးနေတဲ့ မဲစာရင်းတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းအားလုံးကို အခြေခံတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်သလို၊ လက်ရှိအချိန်ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ ရဲအရေးပိုင်မှုတွေကို စစ်ဆေးနေတဲ့ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဖို့ တပ်မတော်ကို သတိပေးပြောဆိုထားတာပါ။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နည်းတူပဲ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကလည်း မဲစာရင်းတွေကို စိစစ်နေပြီး မဲသမာမှုပေါင်းထောင်ချီကို တိုင်ကြားထားပါတယ်။ ရွေးကောက်ပွဲ တရားမမျှတမှုတွေအတွက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ ကို တရားစွဲဆိုနိုင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တိုင်ကြားထားပါတယ်။ Photo - တပ်မတော်သတင်းမှန်ပြန်ကြားရေး (unicode) ~~~~~~~~ တပ်မတော်က ထုတ်ပြန်တဲ့ မဲမသာမှုပေါင်း (၉၁) သိန်းကျော်လာ ~~~~~ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ မဲသမာမှုဖြစ်စဉ်ပေါင်း (၉၁) သိန်းကျော်အထိ ရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊မရှိ သိနိုင်ဖို့ တပ်မိသားစုဝင်တွေ အများစု မဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို တပ်မတော်ဘက်က ပြန်စိစစ်နေတာဖြစ်ပြီး လတ်တလောမှာ မြို့နယ် (၁၉၅) မြို့နယ်ကို ပြန်စိစစ်ပြီးပြီလို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ ဖြစ်ရပ်တွေ၊ အသက် (၁၈)နှစ်မပြည့်ဘဲမဲပေးခွင့်ရခဲ့သလို နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိဘဲမဲပေးခွင့်ရခဲ့တဲ့ အဖြစ်အပျက်တွေကို စိစစ်တွေ့ရှိထားတာလို့ဆိုပါတယ်။ ရွေးကောက်ပွဲ မဲသမာမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ (၃၀) ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဥပဒေအတိုင်းဘယ်လို ဆက်လုပ်မလဲလို့ သတင်းထောက်တွေက မေးမြန်းကြပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိကျကျ ဖြေဆိုတာ မရှိပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ တပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေကို အခြေခံထားတာလို့ ထုတ်ပြန်ထားပါတယ်။ အစောပိုင်းက ထုတ်ပြန်ထားတဲ့ မပြည့်မစုံမဲစာရင်းတွေကို မဲဆန္ဒရှင်တွရဲ့ ပြင်ဆင်ချက်လျှောက်လွှာတွေနဲ့ ပြန်လည်ပြင်ဆင်ခဲ့ပြီးမှ ရွေးကောက်ပွဲနေ့မှာ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိ တပ်မတော်က စစ်ဆေးနေတဲ့ မဲစာရင်းတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းအားလုံးကို အခြေခံတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်သလို၊ လက်ရှိအချိန်ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ ရဲအရေးပိုင်မှုတွေကို စစ်ဆေးနေတဲ့ကာလဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဖို့ တပ်မတော်ကို သတိပေးပြောဆိုထားတာပါ။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နည်းတူပဲ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကလည်း မဲစာရင်းတွေကို စိစစ်နေပြီး မဲသမာမှုပေါင်းထောင်ချီကို တိုင်ကြားထားပါတယ်။ ရွေးကောက်ပွဲ တရားမမျှတမှုတွေအတွက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ ကို တရားစွဲဆိုနိုင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တိုင်ကြားထားပါတယ်။ Photo - တပ်မတော်သတင်းမှန်ပြန်ကြားရေး (zawgyi) ~~~~~~~~ Credit : RFA Burmese