No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုဂံမှာ လူထုသပိတ်စစ်ကြောင်းကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး၊ ဒဏ်ရာရသူနဲ့ အဖမ်းခံရ သူတွေလည်းရှိ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ ပုဂံဒေသမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က အာဏာရှင်ဆန့်ကျင်ရေးလှည့်လည်လာတဲ့ လူထုသပိတ် စစ်ကြောင်းကို ပုဂံမြို့သစ်ဈေးအနီးဝန်းကျင်အရောက်မှာ ရဲကပစ်ခတ်ဖြိုခွင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ '' လူငယ်တစ်ယောက်တော့ ပါးကို မှန်သွားတယ်။ ပစ်တာ အချက် ၅၀လောက်ရှိတယ်။ ကျည်အစစ်တွေပါပါတယ်။ ''လို့ ဒေသခံတစ်ဦးကဘီစီကိုပြောပါတယ်။ ရဲရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား ၆ဦးအဖမ်းခံခဲ့ရပြီး တစ်ဦးကတော့ပြန်လွတ် လာခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်လင့်မှာ https://bbc.in/2PGCiMR ဖတ်ရှုနိုင်ပါတယ်။ Credit: