
လှူဒါန်းထားသူများက ပြန်လည်တောင်းဆိုမှုများရှိသဖြင့် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အနေဖြင့် ကိုဗစ်ဆေးအလှူငွေများကို ပြန်လည်ထုတ်ယူခွင့်ပြုလိုက်ကြောင်း အဆိုပါကုန်စည်ဒိုင်အသင်းအတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောသည်။ နိုင်ငံတော်က ကိုဗစ် ၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ ပါဝင်လှူဒါန်းသွားရန် စီစဉ်ခဲ့ကာ အသင်းသား၊ အသင်းသူများကိုလည်း ပါဝင်လှူဒါန်းကြရန် နှိုးဆော်ဆောင်ရွက်ခဲ့သော်လည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ကိုဗစ်ဆေးအလှူငွေ လှူဒါန်းထားသူတချို့က မလှူဒါန်းလိုတော့သဖြင့် ပြန်ထုတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ Credit: