
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ DVB ရခိုင်ပြည်နယ်၊ ဂွမြို့မှာ မြို့ခံပြည်သူတွေက စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လူထုချီတက်ဆန္ဒပြပွဲတွေ ဆက်တိုက်ဆင်နွှဲနေပါတယ်။ ဒီနေ့ မတ်လ ၇ ရက်မနက်က ဂွမြို့ရဲ့ ရပ်ကွက်လမ်းမတွေပေါ်မှာ လူထုချီတက်ဆန္ဒပြပွဲကို လူထုအင်အားထောင်ချီပြီး ဆင်နွှဲခဲ့ကြရာမှာ စစ်တပ်နဲ့ ရဲတွေက ရှေ့မှာ တားဆီးတာတွေ လုပ်ခဲ့ပေမယ့် လူထုဟာ လုံခြုံရေးအတားအဆီးတွေကို ရှောင်ပြီး ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ #DVBNews #ဂွမြို့ #ရခိုင်ပြည်နယ် #စစ်အာဏာရှင်ဆန့်ကျင်ရေး Credit: