No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စျေးသည် ၁ ဦးပိုးတွေ့ ခလောင်တိန်စျေး ၃ ရက်ပိတ် . မြို့တော်ဗန်ကောက်၊ ခလောင်တိန်မြို့နယ်ရှိ ခလောင်တိန်ကုန်စိမ်းစျေးတွင်စျေးသူစျေးသား ၃,၈ဝဝ ဦးအား ကိုဗစ်-၁၉ ပစ်မှတ်ထားစစ်ဆေးရာမှ အသီးအရွက်စျေးသည် ၁ ဦးတွင်ပိုးတွေ့ရှိရခြင်း ကြောင့် စျေးကို ၃ ရက်ပိတ်ထားရန်ညွှန်ကြားထားပြီး သန့်ရှင်းရေးနှင့်ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ပြုလုပ်ခဲ့သည် သိရသည်။ . အဆိုပါပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် စျေးသူစျေးသား (၁၄) ဦးကို သီးခြားနေထိုင်ထားစေသည်ဟု စျေးအုပ်ကပြောသည်။ . ၎င်းစျေးကို လာမည့် ၁၆-၁-၂ဝ၂၁ ရက်နေ့ ည ၈ နာရီအချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ဟု ၄င်းကဆိုသည်။ . မူရင်း : Daily News ဓာတ်ပုံ : Daily News သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: