
"နိုင်ငံတော်နှင့် ပြည်သူများကို ကိုယ်စားပြုသည့် သံရုံးအဖြစ် ဆက်လက်ရပ်တည်မည်ဟု ဝါရှင်တန်ရှိ မြန်မာသံရုံးထုတ်ပြန်" -အင်အားသုံးနှိမ်နင်းခဲ့ခြင်းကိုလည်း ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် အမေရိကန်၊ ဝါရှင်တန်ရှိ မြန်မာသံရုံးသည် မြန်မာနိုင်ငံတော်နှင့် ပြည်သူများကို ကိုယ်စားပြုသည့်သံရုံးအနေဖြင့် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအင်အားသုံးနှိမ်နင်းမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူပြည်သူများ အသက်ဆုံးရှုံးမှုများမြင်ခဲ့ရမှုအပေါ် ဝမ်းနည်းစွာခံစားရပြီး ယင်းသို့ အင်အားသုံးနှိမ်နင်းခဲ့ခြင်းကိုလည်း ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြောင်း ဝါရှင်တန်မြို့ မြန်မာသံရုံးက ထုတ်ပြန်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက အနည်းဆုံးအင်အားသုံး၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မည်ဆိုသည့် နိုင်ငံတော်၏ ရပ်တည်ချက် အပြည့်အဝအကောင်အထည်ရန်ကိုလည်း အထူးမြင်တွေ့လိုကြောင်း သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ လက်ရှိ မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် အစိုးရ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်ချက်များနှင့် မှတ်ချက်များကို အလေးအနက်ထား မှတ်သားထားကြောင်း သံရုံးက ထုတ်ပြန်သည်။ ထိုအပြင် ဝါရှင်တန်ရှိ မြန်မာသံရုံး၊ ဂျီနီဗာရှိ မြန်မာသံရုံး အပါအဝင် မြန်မာသံရုံးများမှ ဝန်ထမ်းများသည် မတ် ၄ ရက်မှစ၍ငြိမ်းချမ်းစွာဖြင့် ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ကျယ်ပြန့်စွာ ပါဝင်လာကြသည်။ Credit: