
ဟားခါးမြို့က CCPR ရုံးနဲ့ ပရဟိတဆေးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်း ~~~~~~ ■ ချင်းပြည်နယ် ဟားခါးမြို့က Chin Center of Peace and Reconcilation -CCPR ရုံးကို မတ်လ ၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းက စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်ပါတယ်။ ဒီရုံးမှာတာဝန်ကျ ရုံးစောင့်ကိုလည်း ဖမ်းဆီခဲ့တယ်လို့ သိရပါတယ်။ CCPR ရုံးဟာ ချင်းပြည်နယ်၊ ချင်းလူမျိုးတွေ ငြိမ်းချမ်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးရာမှာ အသုံးပြုဖို့ ဖွင့်လှစ်ထားတဲ့ရုံးလည်း ဖြစ်ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပရဟိတဆေးခန်း မေခလာဆေးခန်းကိုလည်း စစ်တပ်က ဝင်ရောင်စီးနင်းပြီး ဒေါက်တာငွေကျုံလျန်ကို ဖမ်းထားတယ်လို့ ဟားခါး ဒေသခံတွေက RFA ကို ပြောပါတယ်။ မေခလာဆေးခန်းဟာ CDM လုပ်တဲ့ ကျန်မာရေးဝန်ထမ်းတွေနဲ့ ပူပေါင်းပြီး ဖွင့်ထားတဲ့ဆေးခန်းဖြစ်ပါတယ်။ အခု ဖမ်းထားတဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဟားခါးမြို့ ပြည်သူတွေက တပ်စခန်းကိုသွားရောက် တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာ စစ်တပ်တွေက ဟားခါး တက္ကသိုလ်မှာ နေရာယူထားပါတယ်။ Credit: