No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ coronavirus ကူးစက်ခံရနိုင်ပါတယ်။ဒီရောဂါကြီးဟာ ကျွန်တော်တို့ကမ်ဘာကြီးရဲ့ အိမ်မက်ဆိုးတစ်ခုလိုပါဘဲ။ ကမ္ဘာမှာ coronavirusကြောင့်သေဆုံးသူဟာ 1.2million ကျော်သွားခဲ့ပါပြီ။ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကမ္ဘာကျော် နာမည်ကြီးသရုပ်ဆောင်တွေအောင်မြင်ကျော်ကြားသောအနုပညာ ရှင်များစွာသဆုံးခဲ့ကြရပါတယ်။ အဲ့ထဲက ကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော်အနုပညာရှင်(၁၀)ဦးအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ (၁၀)Terrence McNally Terrence McNallyဟာ အရမ်းအောင်မြင်ကျော်ကြားပြီး Tony Awardsဆုကို လေးကြိမ်တိုင်တိုင် ရယူနိုင်ခဲ့တဲ့ ပြဇာတ်ရေးဆရာဘဲဖြစ်ပါတယ်။ အသက်၈၁နှစ် မတ်လ ၂၄ရက်နေ့မှာ coronavirusကြောင့် သေဆုံးခဲ့ပါတယ်။Terrence McNally သေဆုံးသွားတဲ့သတင်းက သူ့ကိုသိတဲ့လူတွေအားလုံး အံ့သြတုန်လှုပ်ခဲ့ကြရပါတယ်။ Terrence McNallyရဲ့ ပြဇာတ်ရေးအရည်အချင်းတွေဟာမယုံကြည်နိုင်လောက်အောင်ကောင်းလွန်းတာကြောင့် သူသေဆုံးသွားတာဟာ အားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုလိုပါဘဲ။သူ့မှာ အဆုပ်ကင်ဆာရောဂါအခံရှိပြီးcoronavirus ကူးဆက်ခံရပြီးနောက် Sarasota Memorial ဆေးရုံမှာကုသမှုခံယူခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲသေဆုံးခဲ့ရပါတယ်။ (၉)Mark Blum Mark Blum ဟာ သရုပ်ဆောင်ပညာအလွန်ကြွယ်ဝပြီး အဓိကနေရာတော်တော်များများမှာ သရုပ်ဆောင်ခဲ့တဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။အသက်၆၉နှစ် မတ်လ ၂၆ရက်နေ့မှာ coronavirusကြောင့်သေဆုံးခဲ့ပါတယ်။ Mark Blumဟာ Desperately Seeking Susan နဲ့ Crocodile Dundeeတို့လို နာမည်ကြီးဇာတ်ကားတွေမှာ အဓိကနေရာကို ပီပီပြင်ပြင်သရုပ်ဆောင်ပြနိုင်ခဲ့သူတစ်ယောက်ပါ။ You ဆိုတဲ့ Netflixကထုတ်တဲ့ Seriesမှာလဲပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။NYPD Blue,Mozart in the Jungleနဲ့ Successionတို့လို showတွေနဲ့လည်းအလုပ်လက်တွဲခဲ့ဖူးပါတယ်။သူသေဆုံးသွားပေမယ့်လည်းသူဟာအကောင်းဆုံးသရုပ်ဆောင်အဖြစ် သမိုင်းတွင်ကျန်ခဲ့သူပါ။ (၈)Joe Diffie Joe Diffie ဟာ country song တွေကိုသီဆိုရာမှာ အလွန်သီဆိုမူကောင်းလွန်တဲ့အဆိုတော်တစ်ယောက်ပါ။ သီချင်းဆိုတဲ့အပြင် သူကိုယ်တိုင်သီချင်းရေးစပ်ပါတယ်။အသက် ၆၁နှစ် ၂၉ရက် ၂၀၂၀မွာ coronavirusကြောင့်သေဆုံးခဲ့ပါတယ်။ Diffie ဟာGrammy Award winnerတစ်ယောက်ပါ။90s မှာအပေါက်ဆုံးသီချင်းတွေဖြစ်တဲ့ If you want me to,Home,Whole Lotta Gone,Country စတဲ့သီချင်းတွေဟာသူရဲ့သီချင်းတွေဘဲဖြစ်ပါတယ်။သူဟာ Tim McGraw,Conway Twitty တို့အတွက်လည်း သီချင်းကောင်းပေါင်းများစွာရေးစပ်ပေးခဲ့ပါသေးတယ်။ (၇)Alan Merrill Alan Merrill ဟာ အဆိုတော်၊ ဂီတပညာရှင်၊ တေးရေးဆရာ စတဲ့ နယ်ပယ်တွေမှာအောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ပါ။သူ့အသက်၆၉နှစ် မတ်လ၂၉ရက် ၂၀၂၀မွာ coronavirus ကြောင့်New Yorkမှာသေဆုံးသွားခဲ့ပါတယ်။ သူဟာ Love Rock n Rollကိုရေးစပ်ခဲ့မူကြောင့် ကမ္ဘာကျော်သွားခဲ့ပါတယ်။American entertainment အတွက်တော့ Alan Merrillသေဆုံးမှုဟာ အကြီးမားဆုံး ဆုံးရှုံးမူတစ်ခုပါဘဲ။ (၆)Andrew Jack Andrew jackဟာ Star war ဇာတ်ကားအောင်မြင်အောင်နည်းစနစ်တကျဖန်တီးခဲ့သောအနုပညာရှင်တစ်ယောက်ပါ။သူဟာ အသက်၇၆နှစ်မတ်လ၃၁ရက် ၂၀၂၀မှာ coronavirus ကြောင့်သေဆုံးခဲ့ရပါတယ်။ jackကြောင့် Star Wars ဖြစ်လာခဲ့တာပါ။ The force Awakens,Star wars အပြင် Marvel movies တွေဖြစ်တဲ့ Guardians of the Galaxy, Captain Americaနဲ့ ပထမဆုံး Avengerဖြစ်တဲ့ Thor,Ragnarok, တို့မှာလည်း ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးခဲ့သူပါ။ဒါ့အပြင် Batman alongside Robert Pattinson ရိုက်ကူးရေးမှာလည်း သူ့ကို ငှါးရမ်းခဲ့ရပါတယ်။ (၅)Adam Schlesinger Adam Schlesingerဟာ the Emmy ,Grammy award ဆုကိုရရှိခဲ့တဲ့သီချင်းရေးဆရာတစ်ယောက်ပါ။သူ့အသက်၅၂နှစ် ဧပြီ ၁ရက်နေ့ ၂၀၂၀မှာသေဆုံးခဲ့ပါတယ်။Adamဟာသီချင်းရေးတဲ့နေရာမှာ ဆရာတစ်ဆူပါ။ သူဟာ Fountains of Wayneရဲ့ co-founderတစ်ဦးပါ။၂၀၀၃မှာ သူရဲ့ Stacys Mom သီချင်းဟာအလွန်ပေါက်ခဲ့ပါတယ်။Emmy Awardဆုကိုတောင် ၃ကြိမ်တိတိ ရယူနိုင်ခဲ့သူပါ။သူသေဆုံးတဲ့သတင်းဟာ သူ့ရဲ့ fansတွေနဲ့ မိသားစုအတွက် အလွန်shockရစေခဲ့ပါတယ်။ (၄)Ellis Marsalis Ellis Marsalis ဟာ စန္ဒရားပညာရှင်ပါ။သူ့အသက် ၈၅ ဧပြီ၁ရက်နေ့ ၂၀၂၀မှာ coronavirus ကြောင့်သေဆုံးခဲ့ရပါတယ်။သူရဲ့ စန္ဒရားစွမ်းရည်ကို ကမ္ဘာတစ်လွှားက စန္ဒရားဝါသနာရှင်တိုင်းက ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀Albums ၂၀တောင် ဖြန့်ချီခဲ့ပါတယ်။Marsalisမှာ သားသမီး ၆ယောက်ရှိပြီး သူရဲ့သားတွေဟာဂီတကိုဝါသနာပါကာ ဂီတလမ်းကြောင်းကိုဘဲဆက်လက်လျောက်လှမ်းနေကြပါတယ်။သူသေဆုံးမှုဟာ music industryရဲ့ အကြီးမှားဆုံး ဆုံးရှုံးမှုတစ်ခုလိုပါဘဲ။ (၃)Jay Benedict Jay Benedictဟာ ဝါရင့် သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ အသက်၆၈နှစ် ဧပြီ၄ရက်နေ့ ၂၀၂၀မှာ coronavirus ကြောင့်သေဆုံးခဲ့ရပါတယ်။Jayဟာ Aliens နဲ့ The Dark knight Risesတို့ဟာ ပီပြင်စွာသရုပ်ဆောင်မူကြောင့်အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သူဟာ Flyles war series မှာပါဝင်ခဲ့တဲ့အပြင် British seriesပေါင်းများစွာမှာလဲပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Downton Abbey,Dickensian,နဲ့ Call the Midwife seriesတွေဟာ အလွန်အောင်မြင်မူရရှိခဲ့ပါတယ်။ (၂)Ray Horn Ray Hornဟာ စိတ်ကိုလှည့်စားတဲ့နေရာမှာဆရာတစ်ဆူပါဘဲ။သူဟာ အသက် ၇၅နှစ် မေ ၁၅ရက်နေ့၂၀၂၀မှာ Las Vegasမွာ coronavirus ကူးစက်ခံရမူကြောင့်ကုသရင်းသေဆုံးသွားခဲ့ပါတယ်။Ray ဟာ သူရဲ့ သူငယ်ချင်း Siegfried နဲ့အတူ မျက်လှည့်ရှိုးတွေ ကို 1990ကေန 2003အထိ အောင်မြင်စွာဖျော်ဖြေတင်ဆက်ခဲ့သူပါ။ သူရဲ့ ခြသေ့်တို့ ကျားတို့နဲ့ပြတဲ့ ပြကွက်တွေကို အလွန်လူကြိုက်များခဲ့ပါတယ်။သူရဲ့ ရုတ်တရက် သေဆုံးမူကြောင့် သူရဲ့ပရိတ်သတ်တွေ အလွန်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ (၁) Nick Cordero Nick Corderoဟာ သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ coronavirus ကူးစက်ခံရမှုကြောင့် ဆေးရုံမှာ သုံးလတိတိကုသမှုခံယူခဲ့သော်လည်း သူ့ အသက်၄၁ နှစ် ဂျူလှိုင် ၅ရက်၂၀၂၀မှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အနုပညာစွမ်းရည်ကြောင့် Tony Award ဆုကိုလည်းရယူခဲ့သူတစ်ယောက်ပါ။သူရဲ့သေဆုံးမူကြောင့် သူ့ရဲ့ Fansတွေအပြင်မိသားစု , အခြားအနုပညာရှင်များစွာဟာ စိတ်မကောင်းဖြစ်ကြရပါတယ်။ Credit