
မန္တလေးပစ်ခတ်မှု အရပ်သား သေဆုံးထိခိုက်မှာကို အမေရိကန်သံရုံး စိုးရိမ် ~~~~~~ ■ မန္တလေးမြို့မှာ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံး ထိခိုက်မှုတွေရှိနေတဲ့အတွက် ပစ်ခတ်မှုတွေကို ဆက်လက်စောင့်ကြည့်နေကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ချက်ချင်းသတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်မက်ရေးရာတင်းမာလာမှုကို စိုးရိမ်ပူပန်တဲ့အတွက် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း အမေရိကန်သံရုံးက တောင်းဆိုထားပါတယ်။ Credit: