No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လှိုင်သာယာမြို့နယ်ကပြည်သူတွေကို ကူညီဖို့ထွက်ရင်းကနေ တောင်ဥက္ကလာပမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေနတ်ထိမှန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိသလို သေနတ်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်မှာမတ်လ၁၄ရက်နေ့က စစ်အာဏာရှင်စနစ်ကန့်ကွက်ဆန္ဒပြမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ​သေနတ်နဲ့ပစ်တ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူသေဆုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေအပေါ် တောင်ဥက္ကလာပမြို့နယ်ပြည်သူတွေက ရဲစခန်းမှာစုရုံးမိရင်း ပဋိပက္ခတွေဖြစ်ပေါ်​ခဲ့​ပါတယ်။ ညနေ၆နာရီဝန်းကျင်မှာတော့ မေတ္တာလမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတားအဆီးတွေမီးရှို့ပြီးပစ်တ်ခတ်နှိမ်နင်းမှုတွေလုပ်ခဲ့တာကြောင့် ပြည်သူတဦး ဝမ်းဗိုက်ကိုသေနတ်ထိမှန်ကာ စိုးရိမ်ရတဲ့အခြေအနေရှိသလို ဦးခေါင်းကိုရှပ်ထိသူတစ်ဦးနဲ့ခြေထောက်ကိုထိမှန်သူတစ်ဦး ရှိတယ်လို့ အဲဒီပစ်ခတ်မှုအနီးရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။ #dvbtvnews #SouthOakalapa #protest #yangon #whatishappeninginmyamar Credit: