No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆည်းဆာရိပ်ဘိုးဘွားရိပ်သာက ဘိုးဘွားနဲ့ ဝန်ထမ်း ထက်ဝက်နီးပါးခန့်မှာ ကိုဗစ်တွေ့ရှိ ဇန်နဝါရီ ၁၁၊ ၂၀၂၁ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ ရှိဆည်းဆာရိပ် ဂီလာနဘိုးဘွား ရိပ်သာက ဘိုးဘွားတွေနဲ့ ဝန်ထမ်း အပါအဝင် ၈၅ ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ ဒဂုံအရှေ့ပိုင်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာလဲ့လဲ့ဝင်း က ပြောပါတယ်။ ဆည်းဆာရိပ် ဂီလာနဘိုးဘွား ရိပ်သာမှာ ဘိုးဘွားရော ဝန်ထမ်းပါ အပါ ၂၀၃ ဦးရှိနေပြီး၊ အခုလို ၈၅ ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တာပါ။ အဘိုး အဘွား ၄၈ ဦးနဲ့ ဝန်ထမ်း ၃၈ ဦးလို့ သိရပါတယ်။ ကျန်တဲ့ ၁၁၈ ယောက်ကို ဆေးစစ်ကြည့်ရမှာတော့ ပိုးမတွေ့အဖြေထွက်ရှိခဲ့ပေမယ့် လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဆေးထပ်မံစစ်ဆေးသွားမယ်လို့လည်း ဒေါက်တာလဲ့လဲ့ဝင်း က ပြောပါတယ်။ ဆေးရုံတက်ကုသနေရတဲ့ အဘိုး၊ အဘွား ၄၈ ဦးထဲမှာ တစ်ဦးကတော့ နဂိုရောဂါအခံရှိသူဖြစ်တာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။ အခုလက်ရှိ အချိန်မှာတော့ ရိပ်သာကို အဝင်အထွက် ကန့်သတ်ထားပြီး၊ ဘိုးဘွားတွေရဲ့ ကျန်းမာရေးကို ကြည့်ရှုပေးနေတယ်လို့ ဒေါက်တာလဲ့လဲ့ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားရသူ တစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်ရှိနေပြီး၊ ရန်ကုန်က ကူးစင်ခံရသူကတော့ ရှစ်သောင်းလေးထောင်ကျော်ရှိသွားခဲ့ပါပြီ။ ရုပ်သံသတင်းထောက် - ယဉ်မွန်