No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မော်လမြိုင် ထွေအုပ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး CDM မှာ ပါဝင်လာ ~~~~~~ ■ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်ဟာ မနေ့က မတ်လ ၆ ရက်နေ့ကစပြီး မိမိဆန္ဒအလျောက် ပြည်သူတွေနဲ့အတူ Civil Disobedience Movement (CDM) လုပ်တယ်လို့ သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ဦးမျိုးနိုင်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ၃၄ နှစ်တာ တာဝန်ထမ်းရွက်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ အခု CDM မှာ ပါဝင်ရခြင်းမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး လက်ရှိရာထူးကနေ နုတ်ထွက်ခြင်း လုံးဝ(လုံးဝ)မဟုတ်ကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။ သူ့ရဲ့သဘောဆန္ဒအရပြုလုပ်တာဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ တိုက်တွန်းဖိအားပေးခြင်းမရှိဘဲ သူ့ရဲ့မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေအသိုင်းအဝိုင်းနဲ့လည်း လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကို ဖော်ပြရေးထားပါတယ်။ Credit: