
ဖျာပုံ အကြမ်းဖက်မှု တစ်ဦးကျဆုံး ~~~~~ ဒီနေ့ မတ်လ (၈)ရက် နေ့လည်ပိုင်းက ဖျာပုံမြို့သပိတ်စစ်ကြောင်းရဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အမျိုးသားတစ်ဦး ကျဆုံးခဲ့ပါတယ်လို့ ပုသိမ်မြို့အခြေစိုက် Delta News Agency က အတည်ပြုခဲ့ပါတယ်။ ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး (၃၀)နှစ်ဟာ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့တာလို့ သတင်းရရှိထားပါတယ်။ သူ့ရဲ့ ဇနီးနဲ့ ၆ အရွယ် သမီး၊ ၁နှစ်ကျော်သာရှိသေးတဲ့ သားတစ်ဦး ကျန်ခဲ့တယ်လို့ ဖခင်ဖြစ်သူထံက တစ်ဆင့် သိရပါတယ်။ သူဟာ ဆေးခန်းအရောက်မှာအသက်ပါမလာခဲ့ပါဘူး လို့ စစ်ဆေးပေးတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။ ဖျာပုံသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲခံရမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဥဦးရှိခဲ့တယ်လို့ Delta က ဆိုပါတယ်။ #WeNews #ဖျာပုံ #အကြမ်းဖက် Credit: