
ခမိုသွေး ကရင်ဌာနေတိုင်းရင်းသားများသပိတ်စစ်ကြောင်းကို KNU လုံခြုံရေးယူပေး ရန်ကုန်- ၂၀၂၁ မတ် ၈ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် တနသ်ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ထဲမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသား ကရင်လူမျိုးတွေဟာ ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ သူတို့ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့ ဝင်တွေက လုံခြုံရေး ယူပေးခဲ့ပါတယ်။ ဆန္ဒထုတ်ဖော် ချီတက်ကြတဲ့ " ခမိုသွေး ကရင်ဌာနေတိုင်းရင်းသားများ သပိတ်စစ်ကြောင်း" ကို ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ-၄ က တပ်ဖွဲ့ဝင်တွေက လမ်းတစ်လျှောက် လုံခြုံရေး ယူပေးခဲ့တာပါ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ အာဏာရှင်စနစ် ဖျက်သိမ်းရေး တို့ကို ချီတက်ဆန္ဒထုတ်ဖော်သူ ကရင်တိုင်းရင်းသားတွေက တောင်းဆိုခဲ့ပါတယ်။ ဓါတ်ပုံ - TZ Credit: