
ကျောက်ပန်းတောင်းမြို့က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရ၊ဒဏ်ရာရသူ နှစ်ဦးခန့်ရှိပြီး လူသုံးယောက်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခံရ ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်မှာ ဒီနေ့ မတ်လ (၉)ရက် မနက် (၉) နာရီခန့်က သပိတ်စစ်ကြောင်းစဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေကို ရဲနဲ့စစ်တပ်က ပိတ်ဆို့ဖမ်းဆီးဖို့ လုပ်ခဲ့တာပါ။ ဒဏ်ရာရသူ နှစ်ဦးခန့်ရှိပြီး လူသုံးယောက်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား ခံရတယ်လို့လည်း သိရပါတယ်။ "ကျောင်းသားတွေကို ရပ်ကွက်ထဲထိဖိပြီး လိုက်ရှာနေတော့ ဆိုင်ကယ်တွေစီး၊ ဟွန်းတီးပြီး မြို့ပတ်ဆန္ဒပြတယ်။ စစတုန်းက အစီး ၂၀လောက်ပဲ။ နောက် ဆိုင်ကယ်တော်တော်များတယ်။ မြို့ ၄ပတ်လောက်ပတ်လိုက်တယ်။ လမ်းကိုပိတ်ပြီး ဆန္ဒပြဖို့ တို့အရေးအော်နေတာ ၅မိနစ်တောင်မရှိသေးဘူး။ စစ်ကားရောက်လာပြီး ဖြိုခွဲတာပဲ။ ဘာနဲ့ ပစ်နေလဲတောင် သေချာမသိတော့ဘူး" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်လင့်မှာhttps://bbc.in/2ODqxpH ဖတ်ရှုနိုင်ပါတယ်။ Credit: