No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သည်ကနေ့မတ်လ၁၀ရက်မလွှကုန်းမီးရထားဝင်း ဝင်ပေါက်ထွက်ပေါက်အားလုံးကို ရဲနဲ့စစ်တပ်ကအင်အားသုံးပိတ်ဆို့ထားပါတယ်။ တိမ်းရှောင်လာသူတစ်ဦးဖြစ်တဲ့ကိုသားနောင်က"ကျွန်တော်မိဘများကျန်ခဲ့ပါတယ်။ရပ်ကွက်ဓမ္မာရုံမှာ တပ်စွဲထားပါတယ်။စက်ခေါင်းမောင်းနားနေရိပ်သာ ဖြိုချခံရတယ် လှမ်းပြောပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အများကြီးကျန်ခဲ့ပါတယ်။ဝိုင်းပြီး နိုင်သလောက်ကူပေးကြပါ။သတင်းအချက်အလက်တိုင်း တိကျပြီဆို ထပ်တင်ပေးပါမယ်။ စစ်သားနဲ့ရဲ အင်အား ၃၀၀ကျော်ရှိပါတယ်။သတင်းနဲ့မီဒီယာအားနည်းနေသေးပါတယ်။လူသိနည်းတဲ့ ဝန်ထမ်းရပ်ကွက်ဖြစ်နေတာပါ။မြန်မာတစ်နိုင်ငံလုံးရဲ့ အမြန်ရထားအားလုံးရဲ့ပင်မစက်ရုံရှိတဲ့ ရပ်ကွက်ပါ။တစ်ဝင်းလုံး CDMလုပ်နေတာပါ ။ဝိုင်းပြီးကူညီပေးပါ"လို့ပြောပါတယ်။ Credit: