No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြိတ်ဆန္ဒပြပွဲမှာ အဖမ်းခံရသူတစ်ရာနီးပါးထဲက ၂၆ ယောက် ပြန်မလွတ်သေး ~~~~~~ ■ တနင်္သာရီတိုင်း မြိတ်မြို့မှာ မတ်လ ၉ ရက် မနေ့က အဖမ်းဆီးခံရတဲ့ လူတစ်ရာနီးပါးထဲက ၇၀ ကျော် ပြန်လည်လွတ်မြောက်လာပြီး ၂၆ ယောက်ကိုတော့ မြိတ်မြို့အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။ မနေ့က မြိတ်မြို့ကွက်သစ်ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့လူစုနေချိန်မှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ကျောင်းသားပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရပါတယ်။ ဒီဖမ်းဆီးခံရသူတွေကို လေတပ်စခန်းကိုခေါ်ယူပြီး ယောင်္ကျားလေးတွေကို အင်္ကျီချွတ်ခိုင်းကာ ခါးပတ်၊ သစ်သားဒုတ်တွေနဲ့ ရိုက်နှက်ခံခဲ့ရတယ်လို့ ပြန်လည်လွှတ်မြောက်လာသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့သူတွေလည်း ပါဝင်ပြီး ဆန္ဒပြတဲ့သီချင်းတွေ ဆိုခိုင်းပြီး ရိုက်နှက်တာ၊ ကြွေးကြော်သံတွေ အော်ခိုင်းပြီး ရိုက်နှက်တာလို့ ပြောပါတယ်။ ပြန်လည်လွတ်မြောက်သူတွေကို မိဘတွေက ခံဝင်ရေးထိုးပြန်လွှတ်တာဖြစ်ပြီး နောက်တစ်ခါဖမ်းမိရင် အလောင်းသာပြန်ရမယ်ဆိုတာမျိုး ခြိမ်းခြောက်ပြောဆိုတယ်လို့လည်း ပြန်လည်လွှတ်မြောက်လာသူတွေက ပြောပါတယ်။ Credit: