နိုင်ငံတကာအသိုက်အဝန်းအားလုံးအနေနဲ့ မြန်မာပြည်သူ ၅၄ သန်းနဲ့ အတူရပ်တည်ပေးဖို့ တောင်းဆိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မနေ့ကခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တွေနဲ့ရပ်တည်မပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အားလုံးကလေးစားပြီး အားပေးထောက်ခံရမယ်လို့လည်း ဒေါက်တာဆာဆာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။ “ စစ်အာဏာသိမ်းမှု ဖန်တီးသူများနှင့် ၎င်းတို့ကို ထောက်ခံသူများအပေါ် သမိုင်းက စီရင်ဆုံးဖြတ်ပါလိမ့်မည်။ ကျွန်ုပ်တို့ လုံးဝ အရှုံးမပေးပါ။ ကျွန်ုပ်တို့ လုံးဝ အလျှော့မပေးပါ။ ဒီမိုကရေစီ တည်တံ့ပါမည်။ လွတ်လပ်ခြင်းက တည်တံ့ပါမည်။ ဖက်ဒရယ်လ် တည်တံ့ပါမည်။ တရားမျှတမှု တည်တံ့ပါမည်။” လို့ လည်း ရေးသားထားတာပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒေါက်တာ ဆာဆာကို ခန့်အပ်တယ်လို့ မနေ့က ဖေဖေါ်ဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ Credit:
