No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

'စု' အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ဦးဇော်မြတ်လင်း၏ ဈာပန ပြုလုပ် ရန်ကုန် - ၂၀၂၁ မတ် ၁၁ (မော်ကွန်း) ရဲနှင့် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ညတွင်းချင်း သေဆုံးသွားသည့် 'စု' အသက်မွေးဝမ်းကျောင်းသိပ္ပံ(ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း၏ ဈာပနကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရွှေပြည်သာမြို့နယ် ကျူချောင်သုသာန်၌ ပြုလုပ်ပြီး မီးသင်္ဂြိုဟ်ခဲ့သည်။ ဦးဇော်မြတ်လင်းကို ရဲနှင့်စစ်တပ်က မတ် ၈ ရက်ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး မတ် ၉ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ အလောင်းလာရောက်ထုတ်ယူရန် မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ဦးဇော်မြတ်လင်း သေဆုံးခြင်းနှင့်ပတ်သက်၍ စစ်တပ်ပိုင် မြဝတီမီဒီယာက ၎င်းသည် နေအိမ်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ ဦးဇော်မြတ်လင်း၏ ဈာပနကို အလုပ်သမားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ NLD ပါတီဝန်းရံသူများနှင့် ပြည်သူများက လိုက်ပါပို့ဆောင်ခဲ့သည်။ ဦးဇော်မြတ်လင်း၏ ရက်လည်ဆွမ်းသွတ်ကို မတ်လ ၁၅ ရက်တွင် 'စု' အသက်မွေးကျောင်းသိပ္ပံ(ရွှေပြည်သာ) ၌ ပြုလုပ်မည်ဖြစ်သည်။ Credit: