
မြိုင်မြို့တွင် စစ်တပ်နှင့်ရဲက ကျည်ဆန်အစစ်ဖြင့် အကြမ်းဖက်ပစ်ခတ်သဖြင့် ဆန္ဒပြသူ ၇ ဦးခန့်သေဆုံး DVB မကွေးတိုင်း၊ မြိုင်မြို့မှာ ဒီကနေ့ မတ်လ ၁၁ ရက်မနက်က စစ်အဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာမှာ သေဆုံးသူ ၇ ယောက်လောက်ရှိနိုင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ ကနဦး သိရပါတယ်။ လူငယ်အများစုပါဝင်တဲ့ သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အစောပိုင်းက ၃ ယောက်သေဆုံးတယ်လို့ သတင်းထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သေဆုံးသူ ၇ ယောက်ရှိလာတယ်လို့ ဆေးရုံကိုရောက်ခဲ့သူတယောက်က ပြောပါတယ်။ တချို့ဖမ်းခံရသလို ဒဏ်ရာရသူ ၈ ယောက်လောက် ရှိပြီး သေဆုံးဒဏ်ရာရသူ လူစာရင်းအ အတိအကျကိုတော့ မသိရသေးပါဘူး။ Credit: