No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ၅၀၅ (ခ)နဲ့ အမှုဖွင့် ~~~~~~~~ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါက်တာ အောင်မိုးညိုရဲ့ အမှုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က အွန်လိုင်းက စတင်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။ မနေ့က အွန်လိုင်းက အမှုစစ်ရာမှာ ရှေ့နေပါဝါတင်နိုင်ခဲ့သလို ဒေါက်တာအောင်မိုးညိုကို အွန်လိုင်းကနေ တွေ့ဆုံခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဦးကလည်း ပြောပါတယ်။ ဒေါက်တာအောင်မိုးညိုက ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ စစ်တပ်ကို အကြည်ညိုပျက်အောင် ပြောတဲ့စကား မရှိဘူးလို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ တရားလွှတ်တော်ရှေ့နေဦးမြင့်အောင်ကတော့ စစ်ကောင်စီအနေနဲ့ ၂၀၀၈အခြေခံဥပဒေ ပုဒ်မ၄၁၈အရ အာဏာကို ရယူပြီး အရေးပေါ်ကာလ ပြဌာန်းထားတာကို ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ တရားရုံးမှာ မေးမြန်းသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ၅၀၅(ခ)နဲ့ ၂ ဦး၊ ၊၅၀၅-က(ဂ)နဲ့ ၁၁ ဦး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ(၂၅)နဲ့ ၆ ဦးထိ တရားစွဲခံထားရတယ်လို့ သိရပါတယ်။ Crd: