
မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တွင် ပါဝင်လာသည့် တပ်မတော်သားက ပါဝင်လာသည့်အကြောင်းအရင်းတွင် သွေးထွက်သံယို မဖြစ်စေချင်ကြောင်း၊ အမေစုကိုသည့် သားဖြစ်ကြောင်း အဆိုပါသပိတ်တွင်ပြောဆိုခဲ့သည်။ မုံရွာမြို့ရှိ လူထု ဆန္ဒဖော်ထုတ်ပွဲသည် အရှိန်ကောင်းနေဆဲ ဖြစ်ပြီး မုံရွာတွင် စီဒီအမ်လုပ်ကြသည့် အစိုးရဝန်ထမ်းများတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လျှပ်စစ် ဌာနများ အားလုံးနီးပါး ပါဝင်လာခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြေစာရင်း၊လဝက နှင့် သစ်တောဌာနမှဝန်ထမ်းများ မပါဝင်လာသေးကြောင်း ဆိုသည်။ Credit: