အောင်လံမြို့မှာ ဆန္ဒပြသူတွေကို ဖြိုခွင်းလို့ နှစ်ဦးသေဆုံး ~~~~~ ■ မကွေးတိုင်း၊ အောင်လံမြို့မှာ မတ် ၁၅ ရက်နေ့၊ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတစ်ဦးမှာ ဘာသာခြားဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ ဆန္ဒပြ လူအုပ်ကို ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဆိုင်ကယ် ငါးစီး သိမ်းယူသွားခဲ့ပါတယ်။ ပြည်သူက ရဲတပ်ဖွဲ့စခန်း ပြန်ဝိုင်းစဉ်မှာ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ပါ ပစ်ခဲ့လို့ အခုလို ထိမှန်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ Credit:
